ဒီဇင်ဘာ ၁၁၊ ၂၀၂၃
Shy V(VOM)
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာ မီးမလာတာေကြာင့် ရေမရလို့ ရွှေလီမြစ်ဘက် ရေသွားချိုးရာက ရေနစ် သေဆုံးသူ ဆက်တိုက်ဖြစ်လာကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
“ရွှေလီမြစ်ထဲ ဒီနေ့လည်း ၂ နာရီခွဲလောက်မှာတယောက် ထပ်နစ်ပြန်ပြီ။ သုံးယောက်က သုံးရက် ဆက်တိုက် ရှိပြီ ။ ကမ်းစပ်နား ရေပုံး၊ ရေခွက်တွေနဲ့ ခပ်ချိုးသင့်တယ် ” လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ညနေကတော့ ပြန်ပြီးတွေ့တယ်ဗျ။ ရေနစ်တဲ့ သုံးယောက်လုံးက ဆုံးသွားတာပေါ့။ ပထမ တစ်ယောက်နဲ့တော့ ခြားတယ်ပေါ့။ မီးပျက်တော့ ရေမရကြဘူး။ ရေမရတော့လည်း အဲဒီမှာ (ရွှေလီမြစ်မှာ) ရေသွားချိုးကြတာပေါ့။” လို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကွန်ယက် က တာဝန်ရှိသူ ၁ ဦးက VOM ကို ပြောပါတယ်။
မီးပျက်တာ ၁၀ ရက်ကျော် သွားပြီ ဖြစ်တာကြောင့် ရေတင်မရ၊ ရေမလာ ဖြစ်နေလို့ ရွှေလီမြစ်ထဲ ရေဆင်းချိုးကြတာလို့ သူက ပြောပါတယ်။
“အဓိကတော့ အန္တရာယ် မရှိတဲ့ နေရာပဲ ချိုးစေချင်တာပေါ့နော်။ အရင်တုန်းက ကျနော်တို့ မူဆယ်မှာ ေရချိုးတဲ့ နေရာ တခု ရှိတယ်။ အဲဒီနေရာ (ေရနစ်တဲ့နေရာ) နဲ့ ကိုက် ၅၀၀ လောက် အကွာမှာ။ သူက ရေသိပ်မနက်ဘူးပေါ့နော်။ ပြီးလို့ ရှိရင် အဲဒီနေရာတွေက သဲကျင်းတွေ မရှိဘူးပေါ့။ အခုဟာ အဓိက ဖြစ်တာက သဲစုပ်တဲ့ နေရာ ဖြစ်တယ်။ သဲစုပ်တဲ့ ချိုင့်ထဲကို ဝင်သွားတာ။ ဝဲထဲကို ပါသွားတာပေါ့။” လို့ သူက ရှင်းပြပါတယ်။
ရေနစ်သူတွေက လူငယ်ပိုင်း ယောက်ျားလေးတွေ ဖြစ်ကြပြီး အဆင်မပြေဘူး ဆိုရင်တော့ ရေပုံးနဲ့ ခွက်နဲ့ ရေခွက်နဲ့ အဲလို ခပ်ချိုးတာ မျိုးပေါ့နော်၊ ကမ်းနားလေးမှာပဲ ချိုးတာမျိုး ဖြစ်ေစချင်တယ်လို့ ဆိုပါတယ်။
“ရေ မလာလို့ ရေသွားချိုးတာ ဟုတ်တယ်။ သူငယ်ချင်းပါ။ အသက် ၁၈ နှစ်။ ဆုံးသွားပြီ။ ချောင်းထဲ မသွားခင် သူ့အမေက မသွားဖို့ပြော သေးတယ်။ အိမ်မက် မကောင်းလို့ သား မသွားနဲ့လို့ ပြောတာ။” လို့ ယမန်နေ့ည နေနစ်သေဆုံးသွားသူရဲ့ သူငယ်ချင်းမိန်းကလေး တဦးက ပြောပါတယ်။
ဒီနေ့ညနေ နစ်တာနဲ့ဆို ရွှေလီမြစ်ထဲ ရေချိုးရင်း ရေနစ်သူ ၄ ဦး ရှိပြီဖြစ်ပါတယ်။
ဒါ့အပြင် ရေမရှိတာကြောင့် တချို့ နေအိမ် တွေမှာ အိမ်သာသုံးဖို့ ရေတောင် အခက်အခဲ ဖြစ်နေရပြီး သုံးရေတွေကို ၂၀ လီတာ ဗူး ၁ ဗူး သုံးရာကျပ် ပေးပြီး ဝယ်သုံးနေရတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
မူဆယ်မြို့နယ် ပြည်သူ့ ဆေးရုံမှာလည်း ရေမရှိတာကြောင့် အခက်အခဲ ဖြစ်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး လက်ရှိအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်နေတာ ဖြစ်ပါတယ်။
Photo Crd# လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးကွန်ယက်