ဝါရှင်တန်၊ ဒီဇင်ဘာ-၁၄-၂၀၂၃
မျိုးဆက်(VOM)
ရုရှားဟာ ယူကရိန်ကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း သူ့ရဲ့ တပ်ဖွဲ့ဝင် ၃၁၅၀၀၀ သို့မဟုတ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ ထိခိုက် သေဆုံး ဒဏ်ရာရမှုတွေနဲ့ ဆုံးရှုံးခဲ့ရတယ်လို့ နယူးယောက်ခ်တိုင်းမ်အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုစတင်ချိန်မှာ ယူကရိန်းစစ်မြေပြင်မှာ တပ်ဖွဲ့ဝင် သုံးသိန်းခြောက်သောင်း အသုံးပြုခဲ့တယ်လို့ အသစ်ထွက်ပေါ်လာတဲ့ ထောက်လှမ်းရေးအကဲဖြတ်အစီရင်ခံစာကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြလာတာဖြစ်ပါတယ်။
ရုရှားမှာ စစ်ပွဲအစပိုင်းမှာ တင့်ကားအစီးရေ ၃၅၀၀ ထိပိုင်ဆိုင်ထားပေမယ့်လည်း ၂၂၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ထုတ်လုပ်ခဲ့တဲ့ တီ-၆၂ တင့်ကားတွေကို ပြန်လည်အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာနှောင်းပိုင်းထိ ရုရှားဟာ မြေပြင်တပ်ဖွဲ့သုံးပစ္စည်းတွေဟာ ၂၀၂၂ ခုနှစ်မတိုင်မီကထက် လေးပုံတပုံကျော် ဆုံးရှုံးခဲ့တယ်လို့ ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲဟာ ရုရှားရဲ့ မြေပြင်တပ်ဖွဲ့တွေကို ခေတ်မှီစေဖို့ ရုရှားရဲ့ ၁၅ နှစ်ကြာ ကြိုးပမ်းအားထုတ်မှုကို သိသိသာသာ နောက်ပြန်ဆုတ်သွားစေတယ်လို့ ထောက်လှမ်းရေးအကဲဖြတ်ချက် အစီရင်ခံစာက ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဒွန်တက်ခ် ဒေသ ၊ယူကရိန်းအရှေ့ပိုင်းနဲ့ အခြားနေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင်တွေ သိသိသာသာ ဆုံးရှုံးခဲ့ဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Ref:NHK
Photo:Getty Images