ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မှ ယူကရိန်းငြိမ်းချမ်းရေးရမယ်လို့ ပူတင်ပြော

 

မော်စကို၊ ဒီဇင်ဘာ-၁၅-၂၀၂၃

မျိုးဆက်(VOM)

ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆိုတာ ရုရှားရဲ့ ရည်မှန်းချက်တွေပြည့်မြောက်မှာသာ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်အဝကျူးကျော်တိုက်ခိုက်ပြီးနောက် ပထမဆုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတပူတင်က အခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ကို ဆက်တိုက်မယ်ဆိုတဲ့ သဘောဖြစ်ကြောင်း အကဲခတ်တွေကဆိုပါတယ်။

လက်ရှိမှာတော့ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုးတက်ဖြစ်ထွန်းတဲ့ အခြေအနေကောင်းတွေရှိတယ်လို့ ပူတင်က ဆိုပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်မှ ယူကရိန်းမှာ ငြိမ်းချမ်းရေးရမှာဖြစ်ပြီး ဒီရည်ရွယ်ချက် မပြောင်းလဲဘူးလို့လည်း သူကပြောပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ တိုက်ခိုက်နေတဲ့ ရုရှားစစ်သားစုစုပေါင်း ၆၁၇၀၀၀ ရှိပြီး ယူကရိန်းအတွက် မဟာမိတ်တွေဆီက အထောက်အပံ့တွေ ကုန်ဆုံးသွားပြီလို့ ပူတင်ကဆိုပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ ထောက်လှမ်းရေးအစီရင်ခံစာမှာတော့ စစ်ပွဲစတင်ချိန်ကစပြီး ယူကရိန်းစစ်မြေပြင်က ရုရှားစစ်သာူး ၃၁၅၀၀၀ ဟာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံရေးအထီးကျန်မှုတွေရှိနေပေမယ့်လည်း ရုရှားဟာ ရှေ့ဆက်သွားနိုင်တယ်လို့ ပူတင်က အခိုင်အမာပြောဆိုထားပါတယ်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW