ဟားမတ်စ်တို့ ဖမ်းသွားတဲ့ ဓါးစားခံ သုံးယောက်ကို အစ္စရေးစစ်တပ် မှားယွင်းသတ်ဖြတ်

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၁၆-၂၀၂၃

မျိုးဆက်(VOM)

ဟားမတ်စ်တို့ ဖမ်းဆီးသွားတဲ့ ဓါးစာခံသုံးယောက်ကို ဂါဇာမှာပြုလုပ်တဲ စစ်ဆင်ရေးအတွင်း မှားယွင်းသတ်ဖြတ်ခဲ့မိကြောင်း အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မှားယွင်းသတ်ဖြတ်ခံလိုက်ရတဲ့ ဓါးစားခံတွေကတော့ Yotam Haim ၂၈ နှစ်၊ Samer Talalka ၂၂ နှစ်နဲ့ Alon Shamriz ၂၆ နှစ် တို့ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နောင်တရ ဝမ်းနည်းမိကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။

ဓါးစာခံသုံးယောက်ကို ဂါဇာမြောက်ပိုင်း ရှီဂျိုင်ယာမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း မှားယွင်းသတ်ဖြတ်ခဲ့မိတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။ ရုပ်အလောင်းတွေကိုတော့ အစ္စရေးကို ပြန်ပို့ထားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားတဲ့ ဓါးစာခံ ၂၄၀ ထဲက ၁၀၀ ကျော်ကို ဟားမတ်စ်တို့က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေပြီး အိမ်ပြန်ပို့မှာပါလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။

ဓါးစာခံတွေကို မှားယွင်းသတ်ဖြတ်ခဲ့မိကြောင်း ထုတ်ပြန်အပြီးမှာတော့ လူရာပေါင်းများစွာဟာ တဲလ်အဗစ်မြို့လယ်မှာ စုရုံးကာ ကျန်ရှိနေတဲ့ ဓါးစာခံတွေ လွတ်မြောက်ရေးနဲ့ ဓါးစာခံလဲလှယ်မှုပြုလုပ်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Ref:BBC

Photo: HOSTAGE AND MISSING FAMILIES FORUM

 

Related posts

Leave a Comment

VOM News

FREE
VIEW