Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: January 1, 2024
မြန်မာတနိုင်ငံလုံးမှာ ၂၀၂၃ ခုနှစ် ၁၁ လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်း နှစ်ထောင်ကျော် သေဆုံး
ဇန်နဝါရီ ၁ – ၂၀၂၄ SN (VOM) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် မြန်မာတနိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ ၁၁ လတာ ကာလအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူဦးရေ နှစ်ထောင်ကျော် သေဆုံးခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီ့ကာလအတွင်း တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှု စုစုပေါင်း ၄,၄၂၁ မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီ့ ယာဉ်တိုက်မှုတွေကြောင့် လူဦးရေ ၂,၂၅၀ ယောက် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၆,၁၅၉ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “ယာဉ်တိုက်မှုတွေမှာ အများစုက အရှိန် ပြင်းပြင်းနဲ့ မောင်းနှင်တဲ့အတွက်ကြောင့်ရယ်၊ အရက်သေစာ သောက်စားပြီး မောင်းတဲ့အတွက်ကြောင့် ဖြစ်တာတွေများပါတယ်။ တနှစ်တနှစ်ကို ထောင်နဲ့ချီပြီးသေနေကြတယ်။…
Read Moreထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေး ရှောင်လွှဲလို့မရဘူးလို့တရုတ်သမ္မတ ရှီကျင်းပင် ပြော
ပေကျင်း၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီး ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရကြောင်း တရုတ်သမ္မတရှီကျင်းပင်က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပုံဖော်နိုင်ဖွယ်ရှိတဲ့ ထိုင်ဝမ်ရွေးကောက်ပွဲကျင်းပဖို့ သီတင်းပတ်အနည်းငယ်အလိုမှာ ပြန်လည်ပေါင်းစည်းရေးနဲ့ပတ်သက်ပြီး ရှီကျင်းပင်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့အမိမြေ ပြန်လည်ပေါင်းစည်းရေးဟာ ရှောင်လွှဲလို့မရတဲ့ သမိုင်းဝင်ကိစ္စဖြစ်ပြီး မုချပြန်လည်ပေါင်းစည်းရလိမ့်မယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ထိုင်ဝမ်ရေလက်ကြားရဲ့ နှစ်ဘက်စလုံးမှာရှိတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ဘုံသဘောတူညီချက်တရပ်နဲ့ စည်းနှောင်ပြီး တရုတ်နိုင်ငံရဲ့ ပြန်လည်နုပျို တိုးတက်လာမှုတွေကို မျှဝေခံစားသင့်တယ်လို့ သူကဆိုပါတယ်။ ထိုင်ဝမ်ဟာ ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အတွင်း တရုတ်နိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံကတော့ လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားအသုံးပြုမယ်လို့ ဆိုထားပါတယ်။ လက်ရှိထိုင်ဝမ်သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးကပ်တဲ့ ကူမင်တန်ပါတီမှ Hou Yu-ih နဲ့…
Read Moreစစ်ရေးပဋိပက္ခစခဲ့ရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို အင်အားကုန်သုံးတိုက်ရမယ်လို့ ကင်ဂျုံအန် အမိန့်ပေး
ပြုံးယမ်း၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် အင်အားကုန်အသုံးပြုတုံ့ပြန်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေက အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရဲ့ ပြီးခဲ့တဲ့နှစ်က စံချိန်တင်ဒုံးကျည်စမ်းသပ်မှုတွေ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ကြပါတယ်။ ရန်သူတွေအနေနဲ့ မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်မယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်အနေနဲ့ အပြင်းထန်ဆုံးနည်လမ်းတွေနဲ့ တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်သွားမယ်လို့ နှစ်သူကူအကြိုမိန့်ခွန်းမှာ ကင်ဂျုံအန်က ပြောပါတယ်။ အမေရိကန်ဟာ စစ်ရေးခြိမ်းခြေက်မှုအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ လုပ်နေတယ်လို့ ၂၀၂၄ ခုနှစ်အတွက် မူဝါဒသစ်များ ချမှတ်မယ့် အာဏာရပါတီရဲ့ အစည်းအဝေးမှာ ကင်ဂျုံအန်က စွပ်စွဲပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြောင့်ဖြစ်ပေါ်လာတဲ့ ထိန်းချုပ်မရတဲ့အကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကြိုးစားတော့မှာမဟုတ်ဘူးလို့ ကင်ဂျုံအန်က…
Read Moreလားရှိုးနဲ့ နမ္မတူကြား အီနိုင်းတံတား မိုင်းခွဲ ဖျက်ဆီးခံရလို့ ထက်ပိုင်းကျိုးကျ
ဇန်နဝါရီ ၁၊ ၁၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြိုနယ်၊ လားရှိုးနဲ့ နမ္မတူကြားက အီနိုင်းရွာရှိ အီနိုင်း တံတား မိုင်းခွဲ ခံရလို့ ထက်ပိုင်းကျိုးကျသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အီနိုင်း တံတား ကျိုးသွားပြန်ပြီ။ လားရှိုးနဲ့ မူဆယ်ကြား တောလမ်းကနေ ဖြတ်ဖြတ်လာကြတယ်ဆိုမှ တံတားကျိုးပြန်ကျိုးသွားပြီ။ အိမ်ပြန်လို့ မရတော့ဘူး။ မနေ့ည တညလုံး ဒီ လားရှိုးကနေ အမြှောက် ပစ်သံတွေ ကြားနေရတယ်။” လို့ လားရှိုးကနေ မူဆယ် ပြန်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။ မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေး – မူဆယ် အဝေးပြေးလမ်းမကြီး သွားလို့မရတော့တာကြောင့် မူဆယ် – နမ့်ခမ်း – မိုင်းဝီး…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၁၀ ကျပ် ဝယ်ဈေး – ၂၅၆၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၃၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၅ ကျပ် ဝယ်ဈေး – ၇၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၀ ကျပ် ဝယ်ဈေး – ၄၇၀ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (ဇန်နဝါရီ- ၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreပင်လယ်နီမှာ ကုန်တင်သင်္ဘောကို တိုက်ခိုက်တဲ့ ဟူသီစက်လှေသုံးစင်းကို အမေရိကန်တိုက်ခိုက်မှု ၁၀ ယောက်သေဆုံး
ဝါရှင်တန်၊ ဇန်နဝါရီ-၁-၂၀၂၃ မျိုးဆက်(VOM) ပင်လယ်နီဒေသမှာ ကွန်တိန်နာသင်္ဘောတစင်းပေါ်ကို တက်ဖို့ကြိုးပမ်းတဲ့ ဟူသီသူပုန်တွေရဲ့ စက်လှေသုံးစင်းကို အမေရိကန်ရေတပ်က တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ ယီမင်ရှိ ဟူသီထိန်းချုပ်နယ်မြေက စက်လှေသုံးစင်းဟာ Maersk Hangzhou ကုန်တင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောနဲ့ မီတာအနည်းငယ်အကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ကုန်တင်သင်္ဘောကနေ အရေးပေါ်အကူအညီတောင်းခံမှုကို လက်ခံရရှိပြီးနောက် အနီးနားက အမေရိကန်စစ်သင်္ဘောနဲ့ ရဟတ်ယာဉ်တွေက ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်လှေသုံးစင်း နစ်မြုပ်သွားခဲ့ပါတယ်။ လိုက်ပါလာတဲ့ ဟူသီအဖွဲ့ဝင်တွေ သေဆုံးပြီးနောက် စတုတ္တခြောက် စက်လှေကတော့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် ၁၀ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဟူသီအဖွဲ့ဟာ နိုဝင်ဘာလကတည်းက ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ဒရုန်းနဲ့ ဒုံးကျည်အစင်း ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကျောထောက်နောက်ခံပြု ဟူသီပုန်တွေဟာ…
Read Moreနမခ ထိန်းချုပ် ဧရိယာအတွင်း ၂၀၂၃ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ဥပဒေအရ ၊ လူပေါင်း ၃၀၀ ကျော်ဖမ်းခံရပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရ
ဇန်နဝါရီ ၊ ၁ ၊ ၂၀၂၄ SP (VOM) အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ထိန်းချုပ် နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက လူပေါင်း ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ဥပဒေ အရ ဖမ်းဆီးပြီး သေဒဏ် အပါအဝင် အလုပ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေး အမိန့်ချခဲ့တယ်လို့ ဥပဒေအကျိုး ဆောင် ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်ကိုင်းတိုင်းမှာ ၊ အင်းတော် ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊…
Read MoreThis Day in History
Voice of Myanmar ဥရောပသမဂ္ဂ( အီးယူ)၏ ငွေကြေးယူနစ်ကို ယူရိုငွေနှင့် ဒင်္ဂါးပြားများ ထုတ်ပေးခြင်းဖြင့် ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ စတင်မိတ်ဆက်ခဲ့ပြီး မတ်လတွင် အဖွဲ့ဝင်နိုင်ငံများ၏ တခုတည်းသော ငွေကြေးသုံးစွဲမှု ဖြစ်လာခဲ့သည်။
Read More