ပြုံးယမ်း၊ ဇန်နဝါရီ-၁-၂၀၂၃
မျိုးဆက်(VOM)
စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့မယ်ဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် အင်အားကုန်အသုံးပြုတုံ့ပြန်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စစ်တပ်ထိပ်တန်းတာဝန်ရှိသူတွေက အမိန့်ပေးလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဇန်နဝါရီ ၁ ရက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ ပြီးခဲ့တဲ့နှစ်က စံချိန်တင်ဒုံးကျည်စမ်းသပ်မှုတွေ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ကြပါတယ်။
ရန်သူတွေအနေနဲ့ မြောက်ကိုရီးယားကို စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်မယ်ဆိုရင် မြောက်ကိုရီးယားစစ်တပ်အနေနဲ့ အပြင်းထန်ဆုံးနည်လမ်းတွေနဲ့ တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်သွားမယ်လို့ နှစ်သူကူအကြိုမိန့်ခွန်းမှာ ကင်ဂျုံအန်က ပြောပါတယ်။
အမေရိကန်ဟာ စစ်ရေးခြိမ်းခြေက်မှုအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ လုပ်နေတယ်လို့ ၂၀၂၄ ခုနှစ်အတွက် မူဝါဒသစ်များ ချမှတ်မယ့် အာဏာရပါတီရဲ့ အစည်းအဝေးမှာ ကင်ဂျုံအန်က စွပ်စွဲပြောဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြောင့်ဖြစ်ပေါ်လာတဲ့ ထိန်းချုပ်မရတဲ့အကျပ်အတည်းတွေကြောင့် တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေးကို ကြိုးစားတော့မှာမဟုတ်ဘူးလို့ ကင်ဂျုံအန်က ပြောဆိုပါတယ်။
Ref:CNA