မြန်မာဘက်က လက်နက်ကြီးကျည် တရုတ်ဘက်ကျလို့ လူငါးယောက် ဒဏ်ရာရ

 

ပေကျင်း၊ ဇန်နဝါရီ-၅-၂၀၂၄

မျိုးဆက်(VOM)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျန်းကန်ခရိုင်မှာ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူငါးယောက်သေဆုံးခဲ့တယ်လို့ တရုတ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပေမယ့် တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲနဲ့ မြန်မာစစ်တပ်တို့ဟာ ရှမ်းမြောက်ပိုင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ တရုတ်ဘက်ခြမ်း နန်ဆန်မြို့ကို ကျရောက်ခဲ့တာလို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို မြန်မာဘက်က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှု ထပ်တလဲလဲဖြစ်နေတာနဲ့ပတ်သက်ပြီး တားဆီးဖို့ သက်ဆိုင်ရာအဖွဲ့တွေကို တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်က ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်နေတဲ့အပေါ် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref:NHK

Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW