ဂျပန်မှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူ ၂၄၀ ကျော်ကို အပူတပြင်း ရှာဖွေနေ

 

တိုကျိုု၊ ဇန်နဝါရီ-၆-၂၀၂၄

မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် ပျောက်ဆုံးနေသူ ၂၄၂ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းကစပြီး ပျောက်ဆုံးနေသူတွေကို ၇၂ နာရီအတွင်း ကယ်တင်နိုင်ဖို့ အရေးကြီးတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ နိုတိုကျွန်းဆွယ်မှာ ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၉ ၂ ယောက်ထိရှိလာပြီဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ ဂျပန်တပ်ဖွဲ့ဝင်တွေကို နှစ်ဆတိုးပြီး ၄၆၀၀ ထိဖြန့်ကြက်ထားပါတယ်။ ပျောက်ဆုံးနေသူအများစုကတော့ ဆူဇူနဲ့ ဝါဂျီမာမြို့တို့မှာရှိတဲ့ ပြိုကျနေတဲ့အိမ်တွေအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရပါတယ်။

ငလျင်ကြောင့် မြေပြိုမှုနဲ့ လမ်းပိတ်ဆို့တာတွေဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာဟာ လျှပ်စစ်မီးနဲ့ ရေပြတ်လပ်နေပြီး လူရာပေါင်းများစွာဟာလည်း အကူအညီတွေမရရှိသေးပါဘူး။

ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့ လက်လျှော့သွားမှာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက သဘောဝဘေးတုံ့ပြန်ရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်ပြောပါတယ်။

နှစ်သစ်ကူးနေ့မှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြေဧရိယာ ၂၉၆ ဧက ထက်မနည်းမှာ ဆူနာမီအငယ်စားကြောင့် ရေလွှမ်းမိုးခဲ့သည်။ ငလျင်ဘေးနှင့်ပတ်သက်၍ အကူအညီအဖြစ် ဒေါ်လာ ၃၄ သန်းအသုံးပြုသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။

Ref:BBC

Photo:AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW