ပေါင်မြို့နယ်က အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ် နေအိမ် ချိပ်ပိတ်ခံထားရသူကို နစက အဖွဲ့က လူမှုထူးချွန် ပထမအဆင့် မှားယွင်းပေး

 

ဇန်နဝါရီ ၊ ၉ ၊ ၂၀၂၄

SP( VOM)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ခဲ့တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပေးအပ်ခဲ့တဲ့ လူမှုထူးချွန်ဆုပေးတဲ့ထဲမှာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဝရမ်း ထုတ်ဆင့်ခံထားရသူတချို့ ပါဝင်နေတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ နေ့က မြန်မာ့အလင်း ၊ ကြေးမုံ သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ လူမှုထူးချွန်ဆု ပထမအဆင့်ရတဲ့ လူပုဂ္ဂိုလ်အမည်စာရင်းတွေ ထုတ်ပြန်ခဲ့တယ် ၊ အဲ့ဒီ ထုတ်ပြန်ခဲ့တဲ့ အမည်စာရင်း ၁၀၂၁ ဦး ရှိတဲ့အနက်က အမှတ်စဥ် ၅၉၇ ပါဝင်တဲ့သူက မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ အုန်တပင်ကျေးရွာအုပ်စု ၊ ကော့ကန်ကျေးရွာမှာနေတဲ့ အကြမ်းဖက်ဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေ အရ ဖမ်းဝရမ်းထုတ်ခံထားရသူ ပေါင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မြို့နယ် အလုပ်အမှုဆောင် ထမ်းဆောင်ခဲ့သူ ဦးစောဆန်းဝင်းက လူမှုထူးချွန်ဆု ပထမအဆင့်ရတယ်လို့ ဖော်ပြထားတယ် ၊ သူက လတ်တလော အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး အရ အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေသူ တယောက်ဖြစ်တယ် ” လို့ မွန်ပြည်နယ် နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၇ ရက်နေ့က ဦးစောဆန်းဝင်း ရဲ့ နေအိမ်မှာ မီးလောင်မှုဖြစ်တယ် ၊ သက်ဆိုင်ရာက သူ့အိမ်ကိုဝင်ရှာတဲ့အခါ အိမ်ထဲက လက်ပစ်ဗုံးတလုံး နဲ့၊ ၉မမ ကျည်ဆံတွေသိမ်းဆည်းရမိလို့ နေအိမ်ကို ချိပ်ပိတ်လိုက်ပြီး ၊ အိမ်ရှင်ဖြစ်သူ ဦးစောဆန်းဝင်းကိုလည်း အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) အရ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားတယ် ၊ အဲ့ဒီလို အကြမ်ဖက်မှုနဲ့ အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ သူက နစက အဖွဲ့က ချီးမြှင့်တဲ့ လူမှုထူးချွန် ပထမအဆင့်ဆုကို ရသွားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်လို့ နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို မေးကြည့်တော့ ဦးစောဆန်းဝင်းကို ပေးအပ်ထားတဲ့ လူမှုထူးချွန် ပထမအဆင့်ဆုကို ပြန်ရုတ်သိမ်းလိုက်တယ်လို့ မနေ့ ဇန်နဝါရီ ၈ ရက်က အကြောင်းပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW