ဂါဇာကို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုခွင့်ပြုဖို့ အစ္စရေးနဲ့ဟားမတ်စ် သဘောတူ

 

ပေကျင်း ၊ ဇန်နဝါရီ-၁၇-၂၀၂၄

မျိုးဆက်(VOM)

အစ္စရေးနဲ့ဟားမတ်စ်တို့အကြား စစ်ပွဲဖြစ်နေတဲ့ ဂါဇာကမ်းမြှောင်ဒေသကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုခွင့်ပြုဖို့ သဘောတူညီချက်တရပ်ကို ရရှိခဲ့တယ်လို့ ကြားဝင်ဖြန်ဖြေပေးတဲ့ ကာတာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကာတာနဲ့ ပြင်သစ်တိုရဲ့ ကြားဝင်မှုနဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်အရ ဟားမတ်စ်တို့ဟာ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို ဆေးဝါးထောက်ပံ့မှုတွေ ပေးရမယ်လို့ ဆိုပါတယ်။

အပြန်အလှန်အားဖြင့် ဂါဇာကမ်းမြှောင်ဒေသအတွက် လိုအပ်နေတဲ့ အခြေခံအထောက်အပံ့တွေကို ပိုမိုခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် သုံးလအတွင်း ဂါဇာရဲ့ အခြေအနေဟာ ယိုယွင်းနေပါတယ်။

အမေရိကန်ကတော့ နောက်ထပ်ဆွေးနွေးပွဲတွေအတွင်း ဓါးစာခံတွေ လွတ်မြောက်ရေးတွေ ပါဝင်လာဖို့ မျှော်လင့်ကြောင်း ကာတာကိုရောက်ရှိနေတဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။

ဆွေးနွေးပွဲတွေဟာ အကြိတ်အနယ်ရှိပြီး များမကြားခင်မှာ အသီးအပွင့်တွေ မြင်ရလိမ့်မယ်လို့ သူကဆိုပါတယ်။ ဂါဇာမှာ အစ္စရေးဓါးစာခံ ၁၃၂ ဦးထက်မနည်း ထိန်းသိမ်းခံထားရဆဲလို့ ယူဆရပါတယ်။

Ref:BBC

Photo:AP/Getty Images

 

Related posts

Leave a Comment

VOM News

FREE
VIEW