ဂါဇာစစ်ပွဲ ရက် ၄၀ အပစ်ရပ်ပြီး ဓါးစာခံတွေ လွတ်မြောက်ဖို့ အစ္စရေးရည်ရွယ်နေ

တဲလ်အဗစ်၊ ဖေဖော်ဝါရီ-၃-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးဟာ ဂါဇာစစ်ပွဲကို ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲပြီး အရပ်သားဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေး ရည်ရွယ်ထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ဟားမတ်စ်တို့ဟာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာစဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်ပြီး ဒီအပေါ် တုံ့ပြန်မှုတွေ မရှိသေးကပါဘူး။

အပစ်အခတ်ရပ်စဲရေးပထမအဆင့်မှာ ဟားမတ်စ်တို့ဟာ ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့ ဆွေးနွေးမှုနဲ့နီးစပ်တဲ့ ပါလက်စတိုင်းတာဝန်ရှိသူတယောက် ရိုက်တာကို ပြောပါတယ်။

နောက်တဆင့်မှာတော့ အစ္စရေးစစ်သားတွေနဲ့ ဓါးစာခံတွေရဲ့ ရုပ်အလောင်းတွေကို ဆက်လက်လွှဲပြောင်းပေးသွားဖို့ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဓါးစာခံတွေကို ပြန်လည်လွှတ်ပေးပြီးနောက်မှာ တိုက်ပွဲတွေရပ်ဖို့ ဟားမတ်စ်တို့က တောင်းဆိုသွားဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဒီဆွေးနွေးမှုတွေဟာ ကနဦးစတင်တဲ့အခြေအနေမှာသာရှိနေသေးပြီး ဟားမတ်စ်တို့ဟာလည်း ဒီအပစ်အခတ်ရပ်စဲရေးကို လေ့လာနေတယ်လို့ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြထားပါတယ်။

Ref:NHK
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW