တောင်ကိုရီးယားမှာ သပိတ်မှောက်နေတဲ့ ဆရာဝန်တွေရဲ့ ဆေးကုသခွင့် လိုင်စင်တွေ ဆိုင်းငံ့ခံရ

ဆိုးလ်၊ မတ်-၅-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ခွင့် တိုးမြှင့်မယ့်အပေါ် ကန့်ကွက်ပြီး လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်နေတဲ့ ဆရာဝန်တွေရဲ့ ဆေးကုသခွင့် လိုင်စင်တွေကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရက မတ် ၅ ရက်တွင် အသိပေးအကြောင်းကြားမှုတွေ စတင်လိုက်ပါတယ်။

အငယ်တန်းဆရာဝန် ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကတည်းက လုပ်ငန်းခွင်မဝင်ရောက်ဘဲ ဆန္ဒပြခဲ့ကြပြီး တောင်ကိုရီးယားအစိုးရကတော့ ဆေးတက္ကသိုလ်ဝင်ခွင့်ဦးရေ တိုးမြှင့်တာဟာ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးစနစ်အတွက် လိုအပ်ချက်တွေ ပြည့်မီဖို့လို့ ဆိုပါတယ်။

သပိတ်မှောက်ဆရာဝန်တွေဟာ ဖေဖော်ဝါရီ ၂၉ ရက်နောက်ဆုံးထားပြီး အလုပ်ပြန်ဝင်ဖို့နဲ့ အဲလိုမှမဟုတ်ရင် အရေးယူခြင်း နဲ့ ဆေးကုသခွင့်လိုင်စင်တွေ ဆိုင်းငံ့သွားမယ်ဆိုတဲ့ အစိုးရရဲ့ သတိပေးချက်ကို ဖီဆန်ခဲ့ကြပါတယ်။

အလုပ်ပြန်ဆင်းဖို့ ဖီဆန်ခဲ့တဲ့ အငယ်တန်းဆရာဝန် ၇၈၀၀ ကို အစိုးရက ဖော်ထုတ်ခဲ့ပြီး သူတို့ကို မတ် ၅ ရက် ဒီနေ့ကစပြီး ဆေးကုသခွင့်လိုင်စင်တွေ ဆိုင်းငံ့လိုက်ကြောင်း အကြောင်းကြားစာတွေ ပေးမှာဖြစ်တယ်လို့ တောင်ကိုရီးယား ဒုတိယကျန်းမာရေးဝန်ကြီး ပါ့ခ်မင်ဆိုးက ပြောပါတယ်။

ဆရာဝန်တွေ လုပ်ငန်းဆိုင်ရာ အမိန့်တွေကို ချိုးဖောက်တာနဲ့ပတ်သက်ပြီး အတည်ပြုပြီးတာနဲ့ စီမံခန့်ခွဲမှု အစီအမံတွေကို အကြောင်းကြားသွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေအပေါ် ဥပဒေနဲ့အညီ တုံ့ပြန်သွားမယ်လို့ သူက ပြောဆိုပါတယ်။

Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW