အစ္စလာမ္မာဘတ်၊ မတ်-၅-၂၀၂၄
မျိုးဆက်(VOM)
ပါကစ္စတန်နိုင်ငံ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ဆီးနှင်းကျဆင်းမှု၊ မိုးရွာသွန်းမှုနဲ့ မိုးသီးကြွေကျမှုတွေကြောင့် လူ ၃၅ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၂ ယောက်ပါဝင်ပြီး မြေပြိုမှုကြောင့် နေအိမ်တွေ မြေစာပိမှုဖြစ်ပွားပြီး သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုကြောင့် ပါကစ္စတန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အများဆုံးထိခိုက်နေပြီး လမ်းတွေ ပိတ်ဆို့ကာ ရာနဲ့ချီတဲ့ နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
ပါကစ္စတန်ဟာ မတ်လမှာ ပုံမှန်အားဖြင့် စိုစွတ်တဲ့ရာသီဥတုကြုံတွေ့ရလေ့ရှိပြီး ဆီးနှင်းတွေကျဆင်းမှုဟာ မကြုံစဖူးဖြစ်ပါတယ်။ ခဏတာ မိုးသီးကြွေကျတာဟာ အံ့သြစရာမဟုတ်ပေမယ့် မိနစ် ၃၀ ကျော်ကြာမြင့်မှုဟာာ ထူးခြားမိုးလေဝသဖြစ်ကြောင်း ပါကစ္စတန်မိုးလေဝသညွှန်ကြားရေးမှူးဟောင်း မတ်ချ်တက်အလီရှာက ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ၁၅၀ ထက်မနည်း ပျက်စီးခဲ့ပြီး အမျုားစုမှာ ခိုင်ဘာပက်ခ်ထရွန်ကဝါနဲ့ ဘာလိုချီစတန်ပြည်နယ်တို့မှာဖြစ်ပြီး ခရိုင်အချို့မှာတော့ ရက်အတန်ကြာ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။
Ref: BBC
Photo:Getty Images
