မန္တလေးမှာ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားပြီး သိန်း(၁၅၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့

 

မန္တလေး၊ မတ် ၄-၂၀၂၄

Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၄၈လမ်း နှင့် ၁၁၀လမ်းထောင့်ရှိ ‘လိုတရ’ စက်သုံးဆီ အရောင်းဆိုင်မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်ခဲ့ပါတယ်။

” ဆီဘောက်ဆာကားကနေ ဆီတိုင်ကို ဆီချနေတဲ့အချိန် အပူလွန်ကဲပြီး မီး‌စလောင်လို့ သိရပါတယ်၊ လူထိခိုက်မှုတော့မရှိပါဘူး၊ ဆိုင်ထဲမှာရှိတဲ့ တန်ဖိုးမြင့် ‌မော်တော်ကား အပါအဝင် သိန်း ၁၅၀၀ ကျော်မီးလောင် ဆုံးရှုံးခဲ့ပါတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်မှာ ဆီဘောက်ဆာကားကနေ 92 ဆီတိုင်အတွင်း ဆီချနေစဉ် အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ၊ မီးေလာင်မှုကြောင့် ဆိုင်အတွင်းရှိ မော်တော်ကား (၁)စီး၊ ဆိုင်ကယ် (၃)စီး၊ 92 ဆီလက်ကျန် (၅)ဂါလန် စုစုပေါင်း မီးသတ်တွက်ချက်တန်ဖိုး သိန်းပေါင်း (၁၅၁၃)သိန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို Level(1)အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် စက်သုံးဆီဆိုင် မန်နေဂျာဖြစ်သူ အသက်(၄၉)နှစ်အရွယ် အမျိုးသားကို အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ-၃၇ /၂၀၂၄) ပုဒ်မ (၂၈၅)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW