အာဆီယံနိုင်ငံတွေရဲ့ ရေကြောင်းလုံခြုံရေးအတွက် ဩစတြေးလျက ဒေါ်လာသန်း ၄၀ ကျော် ကူညီမယ်

မဲလ်ဘုန်း၊ မတ်-၆-၂၀၂၄
မျိုးဆက်(VOM)

ဩစတြေးလျဟာ အာဆီယံနိုင်ငံတွေရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးကို မြှင့်တင်ဖို့အတွက် လာမယ့်လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ထောက်ပံ့မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ပြောပါတယ်။

ဩစတြးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ အာဆီယံ-ဩစတြေးလျ နှစ် ၅၀ ပြည့် ထိပ်သီးဆွေးနွေးကို ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာထဲမှာ တောင်တရုတ်ပင်လယ်အရေး လည်း ပါဝင်နေပါတယ်။

တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီတဲ့ တောင်ဆိုမှုတွေနဲ့ လုပ်ရပ်တွေကို မြင်တွေ့ရကြောင်း တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ စစ်အင်အား တိုးချဲ့နေတာကို ရည်ညွှန်းပြီး ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီလို အကြပ်ကိုင်မှုတွေကို ခံနိုင်ရည်ရှိစေဖို့ ဩစတြေးလျဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မိမိတို့အားလုံး အသုံးပြုနေတဲ့ ရေလမ်းကြောင်းတွေအားလုံးကို ဆက်လက်အသုံးပြုနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဩစတြေးလျ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို မဲလ်ဘုန်းမြို့မှာ သုံးရက်ကြာ ကျင်းပနေတာဖြစ်ပြီး အာဆီယံနိုင်ငံတွေအတွက် ရေကြောင်းလုံခြုံရေးဆိုင်ရာ ထောက်ပံ့မယ်အစီအစဉ်အပေါ် တရုတ်နိုင်ငံနဲ့ နယ်မြေပြိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ကြိုဆိုလိုက်ပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW