လီဆူး ဒူးလေးပါတီ ဥက္ကဋ္ဌ သီရိပျံချီ ဦးရွှေမင်း နဲ့အဖွဲ့ ပစ်သတ်ခံ

 

မတ် ၊ ၇ ၊ ၂၀၂၄

TT+Shy V (VOM)

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် ၊ အောင်မြေသစ်ကျေးရွာ ၊ အင်လုံခ တံတားနားမှာ ဝိုင်းမော်ကနေ ရွှေညောင်ပင်ဘက်ကို မောင်းနှင်းလာတဲ့ ကားတစီးတိုက်ခိုက်ခံရပြီး အဲ့ဒီ ကားပေါ်မှာ လိုက်ပါလာတဲ့ သူတွေအားလုံး ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီဝန်းကျင်းမှာ ပစ်ခံရတာပါ ၊ အဲ့ဒီကားပေါ်မှာ ကချင်ပြည်နယ် လီဆူးဒူးလေးပါတီ ဥက္ကဌ ဦးရွှေမင်း နဲ့အဖွဲ့ လိုက်ပါလာတယ်။ ကားပေါ်ပါလာတဲ့သူ အားလုံး သေတယ် ၊ ကနဦးသိရတာက အဲ့ဒီကားပေါ်မှာ အနည်းဆုံး လူ ငါးယောက်ကျော်ပါတယ်” လို့ ဒူးလေးပါတီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဝိုင်းမော်မြို့ ကနေ ရွှေညောင်ပင်ဘက် 4 wheel ကားနဲ့ ထွက်လာတဲ့ ဦးရွှေမင်းတို့ ပြည်သူ့စစ်အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက KIA အဖွဲ့က စောင့်ကြိုကာ ကြားဖြတ် တိုက်ခိုက်ခံရလို့ ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း အပါ ကားပေါ်ပါ သူ့အဖွဲ့တွေ အားလုံး ကျဆုံးသွားတယ်လို့ နီးစပ်သူေတွက ဆိုပါတယ်။

မြစ်ကြီးနား ဒေသခံ နိုင်ငံရေး အသိုင်းအဝိုင်းက ” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပိုင်း ၅ ရက်တုန်းက မြစ်ကြီးနားမြို့ပေါ်မှာ ဒူးလေးပါတီနဲ့ KIA တို့အကြား နှစ်ဘက် အထင်လွဲမှားစရာ စာစောင်တချို့ ပျံ့နှံ့လာပါတယ်။ အဲ့ဒီ စာစောင်တွေနဲ့ ပတ်သက်လို့ ဦးရွှေမင်း က. ဖေဖော်ဝါရီ ၈ ရက်နေ့ည အတွင်း နောက်ဆုံးထား ဖြေရှင်းပေးဖို့ KIA ထိပ်ပိုင်းတယောက်က ထုတ်ပြန်ခဲ့ဘူးပါတယ်။

ဦးရွှေမင်းဟာ သီရိပျံချီဘွဲ့ကိုရထားသလို ၂၀၂၀ ရွေးကောက်ပွဲမှာ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရထားပြီး လီဆူးပြည်သူ့စစ်အဖွဲ့ကို ၂၀၂၁ နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာပါ။

ဒီမနက်ပိုင်းက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကြိုးတံတားနဲ့ မခွယ်ကျေးရွာရှိ အမတ (၃၇၀) တပ်ရင်းနဲ့ KIA, PDF တို့ တိုက်ပွဲဖြစ်ပွားကြောင်း၊ ဒေါ့ဖုန်းယန်မြို့နယ်၊ ခေါက်ဆင့်ကျေးရွာနဲ့ ခယာကျေးရွာတို့မှာလည်း စစ်တပ်နဲ့ KIA, PDF ပူးပေါင်းအဖွဲ့တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားကြောင်း နစက နီးစပ်သူေတွရဲ့ လူမှုကွန်ယက်တွေမှာ ရေးထားပါတယ်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာရှိ ခမရ(၃၂၀)တပ်ရင်းနဲ့ မိုင်းခတ်ကျေးရွာရှိ ခမရ(၃၈၇)တပ်ရင်းတို့ဘက်လည်း နစကစစ်တပ်နဲ့ KIA,PDF ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲ ပြင်းထန်နေပြီး မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာရှိ ခမရ (၃၂၀) တပ်ရင်းနဲ့ မိုင်းခတ်ကျေးရွာရှိ ခမရ(၃၈၇)တပ်ရင်း တို့ဘက်မှာလည်း စစ်တပ်နဲ့ KIA, PDF ပူးပေါင်း အဖွဲ့တို့ကြားတိုက်ပွဲ ပြင်းထန် နေကြောင်းနဲ့ မိုးမောက်မြို့ပေါ်ရှိ ခမရ (၄၃၇)ရင်းရဲ့ အခြေအနေမှာလည်း စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း၊ မိုးမောက် မြို့နယ် နွယ်လမ်းကျေးရွာရှိ ခမရ(၄၃၈)မှာလည်း လာရောက်တိုက်ခိုက်ခံ ရကြောင်း ဖော်ပြထားပါတယ်။

ဗန်းမော်မြို့ မင်းလှရပ်ကွက်ရှိ အမြောက်တပ်ကနေ ဒီနေ့ မနက် ၉ နာရီ ၄၀ မိနစ်ခန့်ကစ လက်နက်ကြီး‌ေတွနဲ့ ပစ်ခတ်‌ကူနေကြောင်း လည်းဖော်ပြထားပါတယ်။

KIA နဲ့ ပူးပေါင်းအဖွဲ့က လိုင်ဇာ အနီးဝန်းကျင် အပါအဝင် မိုးမောက် နဲ့ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်စခန်းတွေကို ဒီနေ့ မတ်လ ၇ ရက်နေ့ မနက် အစောပိုင်းကစ ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပါတယ်။

Photo Crd# Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW