မီဒီယာသူဌေးကြီး ရူပါ့မားဒေ့ါ အသက် ၉၂ နှစ်အရွယ်မှာ ငါးကြိမ်မြောက် လက်ထပ်ဖို့ စီစဉ်

ဝါရှင်တန်၊ မတ်-၉-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန် Fox သတင်းဌာနဲ့ News Crop ကုမ္ပဏီ ဥက္ကဌဟောင်းဖြစ်သူ မီဒီယာသူဌေးကြီး ရူပါ့မားဒေ့ါဟာ ချစ်သူဖြစ်သူနဲ့ စေ့စပ်လိုက်ကြောင်း သိရပါတယ်။

အသက် ၉၂ နှစ်အရွယ် မီဒီယာသူဌေးကြီး မားဒေ့ါဟာ ချစ်သူဖြစ်သူ မော်လီကျူးဇီဝဗေဒပညာရှင် အီလီနာရှူကိုဗာနဲ့ လအတန်ကြာကတည်းက တွဲနေခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူကတော့ အသက် ၆၇ နှစ်ရှိပြီဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ မားဒေ့ါရဲ့ မိုရာဂါ စပျစ်ခြံကြီးထဲမှာ ယခုနှစ်အတွင်း လက်ထပ်တော့မှာဖြစ်ပြီး ဒါဟာ မားဒေ့ါအတွက် ငါးကြိမ်မြောက် လက်ထပ်ဖို့စီစဉ်နေတာဖြစ်ပြီး ခြောက်ကြိမ်မြောက် စေ့စပ်မှုလည်းဖြစ်ပါတယ်။

မားဒေ့ါဟာ ပြီးခဲ့တဲ့နှစ်က Fox သတင်းဌာနဲ့ News Crop ကုမ္ပဏီ ဥက္ကဌအဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဇွန်လမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။

မားဒေ့ါ လက်ထပ်ခဲ့တဲ့ ဇနီးဟောင်းတွေကတော့ သြစတြေးလျ လေယာဉ်မယ် ပက်ထရီစီယာဘိုကာ၊ စကော့တလန်ဖွား သတင်းထောက် အန်နာမန်၊ အမေရိကန်မော်ဒယ်နဲ့ သရုပ်ဆောင် ဂျယ်ရီဟေးလ်နဲ့ တရုတ်နွယ်ဖွားလုပ်ငန်းရှင် ဝမ်ဒီဒန်တို့ ဖြစ်ကြပါတယ်။

Ref:BBC
Photo:Getty Images

Related posts

✕
VOM News

FREE
VIEW