ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေမရပ်ရင် မေလအတွင်း အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေး

 

ဂါဇာစီးတီး၊ မတ်-၂၀-၂၀၂၄

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံအားလုံးနီးပါဖြစ်တဲ့ လူနှစ်သန်းဟာ ဆိုးရွားတဲ့ စာနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

ဒါဟာ လူဦးရေအားလုံးနီးပါ ဒီလိုကြုံတွေ့နေရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသူတွေကို ဦးစားပေးထောက်ပံ့ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းမှာ တိုက်ပွဲတွေ ခေတ္တမရပ်ဘူးဆိုရင် မေလအတွင်းမှာ အငတ်ဘေးဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေကလည်း သတိပေးထားပါတယ်။

လက်ရှိမှာတော့ အစ္စရေးနဲ့ ဟာမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ဟာ အောက်တိုဘာနောက်ပိုင်း ခြောက်ကြိမ်မြောက်အဖြစ် အရှေ့အလယ်ပိုင်းကို မကြာမီသွားဖို့ရှိနေပါတယ်။

အစ္စရေးတာဝန်ရှိသူတွေဟာ တိုက်ပွဲတွေရပ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေရရှိဖို့ နဲ့ ဓါးစာခံတွေ လွတ်မြောက်ဖို့တွေပါဝင်တဲ့ ဟားမတ်စ်တို့နဲ့ သဘောတူညီချက်သစ်အတွက် လာမယ့် မတ် ၂၆ ရက်မှာ ကာတာမှာ ဆွေးနွေးပွဲတွေ စတင်မှာဖြစ်ပါတယ်။

Ref: BBC

Photo: Reuters

 

Related posts

VOM News

FREE
VIEW