ဟောင်ကောင်မှာ ပိုမိုတင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ် ပြဌာန်း

ဟောင်ကောင်၊ မတ်-၂၀-၂၀၂၄
မျိုးဆက်(VOM)

ဟောင်ကောင်မှာ တင်းကြပ်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဟောင်ကောင်ဥပဒေပြုကောင်စီက တညီတညွတ်တည်း အတည်ပြုလိုက်သည်။

ဥပဒေသစ်ဟာ ၂၀၂၀ ခုနှစ်မှာ စတင်သက်ဝင်ခဲ့တဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ချဲ့ထွင်ထားပြီး နိုင်ငံတော်လျှို့ဝှက်ချက် ခိုးယူတာ၊ သူလျှိုလုပ်တာနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုအပါအဝင် အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတာတွေကို ကျူးလွန်ရင် ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိင်ပါတယ်။

ဥပဒေသစ်ပြဌာန်းနိုင်မှုဟာ သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကို အကာကွယ်ပေးထားတဲ့ ဥပဒေဟာ လာမယ့် မတ် ၂၃ ရက်မှာ စတင်သက်ဝင်မှာဖြစ်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ဂျွန်လီက ပြောပါတယ်။

ဥပဒေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေဟာ လွန်စွာကျယ်ပြန့်ပြီး စီးပွားရေး၊ သတင်းမီဒီယာနဲ့ အခြားနယ်ပယ်တွေအပေါ် သက်ရောက်လာမှာတွေကို စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဟောင်ကောင်အစိုးရဟာ ဥပဒေကို မတ် ၈ ရက်မှာတင်သွင်းခဲ့ပြီး ၁၁ ရက်အကြာမှာ အခုလို အတည်ပြုခဲ့တာဖြစ်ကာ ဟောင်ကောင်ပြည်သူတွေအပေါ် ပိုမိုတင်းကြပ်တဲ့ထိန်းချုပ်မှုတွေလုပ်ဖို့ အစိုးရကို ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

Related posts

✕
VOM News

FREE
VIEW