ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို ရုရှားက ဒုံးကျည်အစင်း ၉၀ ကျော်နဲ့ တိုက်ခိုက်ပြန်

 

ကိယက်ဗ်၊ မတ်-၂၃-၂၀၂၄

မျိုးဆက်(VOM)

ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ သန်းနဲ့ချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ညက ဒုံးကျည် အစင်း ၉၀ ကျော်နဲ့ ရှာဟတ်ဒ် ဒရုန်း အစင်း ၆၀ နဲ့ ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကြီးဆုံးဖြစ်တဲ့ ခါကိဗ်မှာ လျှပ်စစ်ဓါတ်အားလုံး၀ မရဘူးလို့ ဒေသဆိုင်ရာ အကြီးအကဲက ပြောပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို အကြီးအကျယ် ထိခိုက်ပျက်စီးဖို့ လုပ်ဆောင်နေတယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်းဂလူရှန်ကိုက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုလှိုှု်င်းတွေဟာ အနောက်မဟာမိတ်တွေအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ထပ်မံပေးအပ်ဖို့လိုအပ်နေတယ်ဆိုတာ ပြသနေခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ယူကရိန်းအတွက် မဟာမိတ်တွေပေးမယ့် အကူအညီတွေ နှောင့်နှေးသလို့ ရုရှားဒုံးကျည်တွေက နှောင့်နှေးမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။

မကြာသေးမီက ရုရှားပိုင်နက်ထဲမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ယူကရိန်းမှာ လူငါးယောက်သေဆုံးပြီး ၁၄ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Ref: BBC

Photo: Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW