လူ ၁၃၀ ကျော်သေဆုံးခဲ့တဲ့ မော်စကိုကပွဲရုံတိုက်ခိုက်မှု အဓိက သံသယရှိသူလေးယောက်ကို ဖမ်းမိ

မော်စကို၊ မတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကပွဲရုံတခုမှာ လူ ၁၃၃ ယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပါဝင်ပတ်သက်သူ လေးယောက်စလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။

နောက်ထပ် သံသယရှိသူ ၁၁ ယောက်ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထားပြီး မတ်လ ၂၄ ရက်ကို နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သမ္မတ ပူတင်က ကြေညာထားပါတယ်။

ဒါဟာ ရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် ပူတင်က ရှုတ်ချပြောဆိုထားပြီး အဓိကသံသယရှိသူ လေးယောက်ဟာ ယူကရိန်းကို ထွက်ပြေးဖို့ကြိုးပမ်းခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေပွဲမစမီမှာ ပင်ပန်းနွမ်းနယ်နေတဲ့ အသွင်အပြင်တွေနဲ့ သံသယရှိသူတွေဟာ ဝင်ရောက်လာပြီး သုံးယောက်က သေနတ်နဲ့ပစ်ခတ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ဖောက်ခွဲခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်။ တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က အခိုင်အမာထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW