ကိုဗစ် ကာလက စပြီး ပွဲမဖြစ်ခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲ ဒီကနေ့ ကျွဲလှည်းဝင်

ဧပြီ ၊ ၂ ၊ ၂၀၂၄
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတပ်မြို့မှာရှိတဲ့ အလုံဘိုးတော်ကြီး နတ်ပွဲကို ဒီကနေ့ မနက်ပိုင်းက နှစ်စဥ်နှစ်တိုင်းကလို ကျွဲလှည်းဝင်ရောက်ခဲ့ပြီး ကိုးကွယ်ယုံကြည်သူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ် ကာလက စပြီး ပွဲမဖြစ်ခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲ ဒီကနေ့ ကျွဲလှည်းဝင်
ကိုဗစ် ကာလက စပြီး ပွဲမဖြစ်ခဲ့တဲ့ အလုံဘိုးတော်ကြီးပွဲ ဒီကနေ့ ကျွဲလှည်းဝင်
အလုံဘိုးတော်ကြီး နန်းထိန်း တာဝန်ရှိသူတယောက်က
” အလုံဘိုးတော်ကြီးပွဲဆိုတာ အဓိကတော့ ရိုးရာဓလေ့ ပူဇော်ဆက်သတဲ့ပွဲဖြစ်တယ် ၊ ပွဲတော်လာရင်း စျေးရောင်းစျေးဝယ်တွေ အထူးစည်ကားတဲ့စျေးပွဲတော်လည်းဖြစ်တယ် ၊ နှစ်စဥ် တပေါင်းလပြည့်ကျော် ၉ ရက်ကနေ ၁၃ ရက်နေ့အထိကျင်းပတာဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ အလုံဘိုးတော်ကြီးပွဲဟာ လွန်ခဲ့တဲ့ ၂၀၂၀ ကနေ ကိုဗစ်ရောဂါကြောင့် မကျင်းပခဲ့ရတာ လေးနှစ်ရှိပြီလို့ သိရပါတယ်။
ဒီလတွေမှာ ကျင်းပတဲ့ မကွေးတိုင်း ၊ ရေစကြိုမြို့နယ်ထဲက ပခန်းကိုကြီးကျော်နတ်ပွဲ ၊ စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ် ၊ ပရိမ္မနတ်ပွဲ ၊ ယင်းမာပင်မြို့နယ်က အမေရေယဥ် နတ်ပွဲတွေဟာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ရာခိုင်နူန်း မရှိသလောက်ဖြစ်နေပေမယ့် ဒေသတွင်း တိုက်ပွဲဖြစ်စဥ်တွေကြောင့် ပွဲတော်ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဓာတ်ပုံ ၊ အလုံဘိုးတော်ကြီး နတ်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW