ဝါရှင်တန်၊ ဧပြီ-၄-၂၀၂၄
မျိုးဆက်(VOM)
ဝက်တကောင်ရဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသကို ပထမဆုံးခံယူခဲ့တဲ့ လူနာဟာ အခြေအနေကောင်းမွန်လို့ ဆေးရုံက ဆင်းသွားပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကျောက်ကပ်အစားထိုး ကုသမှုခံယူခဲ့တဲ့ အသက် ၆၂ နှစ်အရွယ် လူနာဟာ ခွဲစိတ်မှုပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ မက်ဆာချူးဆက်ဆေးရုံကနေ ဧပြီ ၃ ရက်မှာ ဆင်းခွင့်ရခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကိုယ်တွင်းကလီစာတွေနဲ့ လူတွေမှာ အစားထိုးကုသမှုတွေဟာ ယခင်က မအောင်မြင်ခဲ့ပါဘူး။ လက်ရှိအောင်မြင်မှုကတော့ ဆေးပညာနယ်ပယ်မှာ သမိုင်းဝင်မှတ်တိုင်အဖြစ် ပညာရှင်တွေက ချီးကျူးနေကြပါတယ်။
ဆရာဝန်တွေဟာ ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရတဲ့ စလေမန်ဆိုသူမှာ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးမှုကို မတ် ၁၆ ရက်မှာ လေးနာရီကြာ ခွဲစိတ်ပြီးနောက် အောင်မြင်စွာအစားထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အစားထိုးထားတဲ့ ကျောက်ကပ်ဟာ ကောင်းမွန်စွာ လည်ပတ်နေပြီး ဘဝ၏နေထိုင်ရှင်သန်မှုကို နှစ်ပေါင်းများစွာထိခိုက်စေခဲ့တဲ့ ကျောက်ကပ်ဆေးရတဲ့ ဝန်ထုပ်ဝန်ပိုးကနေ ကင်းဝေးပြီး မိသားစု၊ မိတ်ဆွေတွေ ပျှော်ရွှင်စွာ ဖြတ်သန်းနိုင်မှာဖြစ်လို့ ဝမ်းမြောက်မိတယ်လို့ မစ္စတာစလေမန်က ပြောဆိုပါတယ်။
Ref:BBC
Photo: Massachussets General Hospital