မော်စကို၊ ဧပြီ-၇-၂၀၂၄
မျိုးဆက်(VOM)
ရုရှားအနောက်တောင်ပိုင်း အော့စ်ခ်မြို့မှာ ဆည်ကျိုးပေါက်မှုကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အစောပိုင်းမှာ ရေခဲတွေအရည်ပျှော်ပြီး ယူရယ်မြစ်ရေမြင့်တက်လာတာကြောင့် အော်ရန်ဘာ့ဒေသတခုလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။ ရေကြီးရေလျှံဧရိယာအတွင်း နေထိုင်သူ တသောင်းရှိပြီး အိမ်ခြေ ၄၀၀၀ ထိရေနစ်မြုပ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိ ဆည်ကျိုးပေါက်မှုကြောင့် လီနီစကီနဲ့ဆိုဗက်စကီးခရိုင်တွေက ဒေသခံတွေကို ယာယီခိုလှုံရာနေရာတွေမှာ ရွှေ့ပြောင်းပေထားရပါတယ်။ အော့စ်ခ် မြို့တော်ဝန်ကတော့ ရေးလွှမ်းတဲ့အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ပြောပါတယ်။
အော့စ်ခ်မြို့မှာတော့ လူဦးရေ နှစ်သိန်းသုံးသောင်းရှိပြီး ရေလွှမ်းမိုးမှုကို တားဆီးဖို့ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေလွှမ်းမိုးမှုဟာ အိမ်နီးချင်း ကာဇက်စတန်ရဲ့ အချို့အစိတ်အပိုင်းတွေမှာ မကြာသေးမီက ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရေကြီးမှုဟာ ကာဇက်စတန်မှာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံးသော သဘာ၀ဘေးအန္တရာယ်ဖြစ်တယ်လို့ ကာဇက်စတန်သမ္မတ ကတ်ဆမ်ဂျိုမာ့တိုကာဗက်က ပြောပါတယ်။
Ref:AFP
Photo: Reuters/AFP