တရုတ်စစ်တပ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ပထမဆုံး ရေချစမ်းသပ်မှု ပြုလုပ်

ပေကျင်း၊ မေ-၁-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ပင်လယ်ပြင်မှ ပထမဆုံးစမ်းသပ်မှုကို ဒီနေ မေ ၁ ရက်မှာ စတင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
လေယာဉ်တင်သင်္ဘောသစ် ဖူကျန်ဟာ ဒီနေ့မနက်ပိုင်းမှာ ရှန်ဟိုင်းရှိ သင်္ဘောကျင်းကနေ ထွက်ခွာသွားပြီလို့ို စီစီတီဗီသတင်းဌာနက ဆိုပါတယ်။ ဒါဟာ အမေရိကန်ရဲ့ သတိထားစောင့်ကြည့်မှုတိုးမြင့်စေပြီး ထိုင်ဝမ်အစိုးရအနေနဲ့ ဖိအားဖြစ်စေမယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
လေယာဉ်တင်သင်္ဘော ဖူကျန်ကို ၂၀၂၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အခြားလေယာဉ်တင်သင်္ဘောနှစ်စင်းထက် အရွယ်အစားကြီးမားပြီး လေယာဉ်ပိုမိုတင်ဆောင်နိုင်ဖွယ်ရှိပါတယ်။
လေယာဉ်တင်သင်္ဘောမှာ လျှပ်စစ်သံလိုက်စွမ်းအင်သုံး ကိရိယာတွေတပ်ဆင်ထားပြီး ဒါတွေဟာသင်္ဘောပေါ်ကနေ လေယာဉ်တွေပျံတက်မှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။
သင်္ဘောကို အရှေ့တရုတ်ပင်လယ်ကို တာဝန်ယူတဲ့ တရုတ်ရေတပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ချထားမယ်လို့ ယူဆရပြီး စမ်းသပ်မှုဟာ သင်္ဘောကို တပ်တော်ဝင် တာဝန်ထမ်းဆောင်ဖို့ နောက်ဆုံးစမ်းသပ်မှုလည်းဖြစ်ပါတယ်။
သမ္မတ ရှီကျင်းပင်လက်ထက်မှာ တရုတ်နိုင်ငံဟာ စစ်ရေးအင်အားတိုးချဲ့မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပြီး အမေရိကန်ကို အပြန်အလှန်ထိန်းကျောင်းလိုပုံရပါတယ်။ ဒါအပြင် ထိုင်ဝမ်ကျွန်းကိုလည်း ပိုမိုဖိအားပေးလာဖွယ်ရှိနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
Ref:NHK
Photo:AFP/China daily

Related posts

Leave a Comment

VOM News

FREE
VIEW