ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွှတ်ကွင်းမြို့က တံတားနဲ့ ရထားလမ်း မိုင်းခွဲခံရလို့ ရထားခရီးစဥ်တွေရပ်ဆိုင်း ၊ကားတွေအမြန်လမ်းက သွားနေရ

ရန်ကုန် ၊ မေ ၁ – ၂၀၂၄
GG (VOM)
ရန်ကုန် – မန္တလေးလမ်းဟောင်း ကားလမ်းပေါ်၊ ကညွှတ်ကွင်းမြို့နယ်ထဲက တံတားတစင်းမိုင်းဖောက်ခွဲဖျက်ဆီးခံရသလို ရထားလမ်းလည်း မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
​ဒီနေ့ မေလ၁ ရက်နေ့ မနက်အစော ၁ နာရီလောက်မှာ ရထားလမ်းရော ၊ ကားလမ်းရော မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားကလည်း အလုံးစုံပျက်စီးကာ ရထားလမ်းလည်း ပျက်စီးခဲ့သလို ရထားတွဲ ၄ တွဲလမ်းချော်ခဲ့ရ တယ်လို့ သိရပါတယ်။
” ည ၁၂ နာရီကျော် တနာရီလောက်မှာ ပေါက်ကွဲသံနှစ်ချက်ကြားရတယ်၊မနက်ကျသိရတာ ငါးနုသန်းချောင်းကိုထိုးထားတဲ့တံတား ဖျက်ဆီးခံရတယ်။ သူနဲ့ အပြိုင် ရထားလမ်းလည်းဖျက်ဆီးခံရတယ်။ကားတွေက လမ်း​ကြောခဏပိတ်ပြီး ပြန်ပွင့်သွားတယ် ” လို့ ကညွှတ်ကွင်းဒေသခံကပြောပါတယ်။
ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်က တံတားဖျက်ဆီးခံရတာကြောင့် မနက်အစောပိုင်းမှာကားတွေအများအပြား ပိတ်မိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမြန်လမ်းကနေ မောင်းနှင်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။
ကားတွေကအမြန်လမ်းကနေမောင်းနှင်ခွင့်ရတာကြောင့် ခရီးစဥ်တွေရပ်ဆိုင်းရခြင်းမရှိဘဲ သွားလာခွင့်ရပေမယ့် ရထားလမ်းကတော့ ပျက်စီးသွားတဲ့အတွက် မန္တလေး – ရန်ကုန်ရထားခရီးစဥ်တွေ ရပ်ဆိုင်းခဲ့ရတယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့နယ်က တံတားတစင်း မိုင်းဖောက်ခွဲခံရပြီး ပြိုကျပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိကာလအထိ သုံးနှစ်ကျော်အတွင်းမှာဆိုရင် ရထားလမ်းနဲ့ ရထားဘူတာနယ်မြေမှာ မိုင်းခွဲခံရမှု အကြိမ် ၁၃၀ ​ေကျာ်အထိရှိထားပြီး ရထားတံတား မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ရေ ၅၀ ကျော် ရှိခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်ချက်အရသိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW