ကုလအဖွဲ့ဝင်နိုင်ငံအဖြစ် ပါလက်စတိုင်း ဝင်ရောက်ခွင့်ရရေး ကုလသမဂ္ဂအထွေထွေညီလာခံ ထောက်ခံ



ကုလသမဂ္ဂ၊ မေ-၁၁-၂၀၂၄
မျိုးဆက်(VOM)

ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်လာရေး ပါလက်စတိုင်းရဲ့ ကြိုးပမ်းချက်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက် မဲခွဲထောက်ခံမဲပေးခဲ့ကြပြီး ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံမဲ ၁၄၃ မဲ ၊အမေရိကန်နဲ့ အစ္စရေးအပါအဝင် ကန့်ကွက်မဲ ကိုးမဲနဲ့ မေ ၁၀ ရက်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံက ကြားနေခဲ့ပါတယ်။

ပါလက်စတိုင်းဟာ လက်ရှိမှာ ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူအဆင့်သာရှိပြီး အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ပါလက်စတိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုလိုက်တဲ့သဘောဖြစ်ပါတယ်။

ဒီကိစ္စအပေါ် အစ္စရေးက ဝေဖန်မှုများပြုလုပ်ခဲ့သော်လည်း အမေရိကန်ကတော့ ကန့်ကွက်မဲပေးခြင်းဟာ အစ္စရေးနိုင်ငံဖြစ်လာရေးကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ ထောက်ခံကြောင်းနဲ့ သက်ဆိုင်သူတွေအကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုတွေပါဝင်တဲ့ လုပ်ငန်းစဉ်ကသာ နိုင်ငံတော်ဖြစ်တည်မှု ရလာမယ်လို့ အမေရိကန်လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။

ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အဝဖြစ်လာဖို့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ထောက်ခံမှုရရှိဖို့ လိုအပ်ပြီး ပါလက်စတိုင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာရေးကို ပြီးခဲ့တဲ့လမှာ အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

Ref:NHK
Photo:AP

Related posts

VOM News

FREE
VIEW