ကချင်ပြည်နယ်မှာ မနေ့က KTV ဆိုင် မိုးကြိုးပစ်ခံရ ဒီရက်ပိုင်းအတွင်း မိုးကြိုးပစ်တဲ့ ဖြစ်စဥ်တွေ အဖြစ်များလာ



မေ ၊ ၁၁ ၊ ၂၀၂၄
SP (VOM)

ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ မေ ၁၁ ရက်အတွင်း ကချင်ပြည်နယ်မှာ မိုးကြိုးပစ်တဲ့ ဖြစ်စဥ်ပေါင်း အကြိမ် ၂၀ ထက်မကရှိပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ဖားကန့်မြို့ခံတယောက်က
” မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်က ဖားကန့်မှာ မိုးကြိုးပစ်ခံရလို့ KTV ဆိုင် တခု မီးလောင်တယ် ၊ မိုးကြိုးပစ်ခံရတဲ့ KTV ဆိုင်က မရှီကထောင်ရပ်ကွက်၊ သီလရှင်ကုန်းမှာရှိတဲ့ ဆိုင်ဖြစ်တယ် ၊ ဆိုင်နာမည်က စိတ်ငြိမ် လို့ခေါ်ကြတယ် ၊ မိုးကြိုးလျှပ်စီးဖြစ်ပေါ်တာကြောင့် အဲ့ဒီ ဆိုင်ရဲ့ DJ စင်မှာ ဝါယာရှော့တွေဖြစ်တယ် ၊ အဲ့ဒီကနေ တဆင့် မီးကူးစက် လောင်တာ ” လို့ ပြောတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ကြောင့် လူတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာမရှိပေမယ့် ဆိုင်ရှိ ပစ္စည်းတချို့ ပျက်စီးတယ်လို့ ဆိုင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကချင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကူညီစောင့်ရှောက်ရေး အဖွဲ့ဝင် တယောက်က

” ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ဒီရက်ပိုင်းမှာ မိုးကြိုးထိမှန်လို့ လူသုံးယောက် သေဆုံးပြီး ၊ နွား ၂၄ ကောင် ၊ ကျွဲတကောင် ၊ အဆောက်ဦး နှစ်လုံး ၊ ထိခိုက်ဒဏ်ရာရသူ လေးယောက် စက်ယန္တယားယာဥ် တစီးပျက်စီးတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ဒီနှစ်ဟာ မိုးကာလမတိုင်မှီ မိုးကြိုးထိမှန်မှု ဖြစ်စဥ်တွေ အရင်နှစ်တွေကထက်စာရင် ဖြစ်ပွားမှု များလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာရဲ့ တောင်ဘက် ၊ ဒေသအခေါ်ဆူးနိမ်ကွင်းမှာရှိတဲ့ နွားစားကျက်ကို ပြီးခဲ့တဲ့ မေ ၂ ရက်က မိုးကြိုးပစ်ခတ်တာကြောင့် နွား ၂၄ ကောင် ထိခိုက်သေဆုံးခဲ့တဲ့တယ်လို့ မိုးညှင်းခရိုင်ရဲ့ ထူးခြားဖြစ်စဥ် သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ၊ မနေ့က ဖားကန့်မှာ KTV ဆိုင် မိုးကြိုးထိမှန် မီးလောင်မြင်းကွင်း ( ဒေသခံ တဦး)

Related posts

Leave a Comment

VOM News

FREE
VIEW