နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက ရွာသုံးရွာကိုဝင်စီးပြီး လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲ



အဘူဂျာ၊ မေ-၁၂-၂၀၂၄
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ သေနတ်သမားတွေက ရွာသုံးရွာကို ဝင်ရောက်စီးနင်းပြီး လူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲသွားတယ်လို့ ခရိုင်အကြီးအကဲနဲ့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေ၊ အဝေးပြေးလမ်းတွေနဲ့ စာသင်ကျောင်းကနေ လူတွေကို ပြန်ပေးဆွဲပြီး ရွေးနှုတ်ငွေတောင်းခံလေ့ရှိတဲ့ လက်နက်ကိုင်း ပြန်ပေးဂိုဏ်းတွေကြောင့် အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။

ရွာသုံးရွာကို သေနတ်သမားတွေ စီးနင်းတိုက်ခိုက်ပြီးနောက်မှာ အမျိုးသား ၃၈ ယောက်နဲ့ အမျိုးသမီ ၇၆ ယောက် ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံရတဲ့အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဇမ်ဖာရာပြည်နယ် ဘာနင်မက်ဂါဂျီခရိုင်အကြီးအကဲ အယ်လ်ဟာဂျီဘာလာက ပြောပါတယ်။

ဇမ်ဖာရာပြည်နယ်ဟာ တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီးနောက် ပြန်လည်ဆုတ်ခွာအခြေချဖို့ ပြန်ပေးဂိုဏ်းတွေရဲ့ စခန်းတွေရှိနေပြီး နိုင်ဂျီးရီးယား စစ်တပ်က စခန်းအချို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပေမယ့် ဆက်လက်တည်ရှိနေပါတယ်။

သေနတ်သမားတွေဟာ ဆိုင်ကယ်တွေနဲ့ ရွာတွေကိုရောက်လာခဲ့ပြီး လူတွေကို ပြန်ပေးမဆွဲခင် ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ရွာသူကြီးတယောက်ဖြစ်တဲ့ အာမီနူကဆိုပါတယ်။ ဒါက ကျွန်တော်တို့နဲ့ ဓါးပြတွေအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်။ ကျွန်တော်တို့နယ်မြေတွေကို တိုက်ခိုက်တာကို ရပ်ဖို့ ဒီနှစ်ဖေဖော်ဝါရီလမှာ ဓါးပြတွေကို ငွေအများအပြား ပေးခဲ့ရတယ်လို့ သူ ပြောပါတယ်။

Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW