ရန်ကုန်မှာ တာမွေက ရွှေဆိုင်ဓားပြတိုက်ခံရပြန်



မေ ၊ ၁၂ ၊ ၂၀၂၄
TT (VOM)

ရန်ကုန်းတိုင်း ၊ တာမွေမြို့ ၊ မေတ္တာညွှန့်ရပ်ကွက် ၊ ပုညဝတီလမ်းမှာရှိတဲ့ TK အမည်ရှိ ရွှေရတနာဆိုင်ကို မနေ့ မေ ၁၁ ရက် ၊ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်လောက်က ဓားပြတိုက် လုယက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ရွှေဆိုင်နဲ့ ရင်းနှီးသူတယောက်က
” မနေ့က ညနေပိုင်း ဆိုင်ပိုင်ရှင် တယောက်တည်းရှိပြီး ဆိုင်သိမ်းဖို့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန် ဘက္ထရီဆိုင်ကယ် တစီးနဲ့ အမည်မသိ (စုံစမ်းဆဲ) သေနတ်(အတို) ကိုင် လူသုံးယောက်က ဆိုင်ထဲကို ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် သူတို့သုံးဦးထဲက တယောက်က သေနတ်ထုတ်ပြီး ခြိမ်းခြောက်တယ် ၊ ကျန်တဲ့ လူနှစ်ယောက်က ရွှေထည်ပစ္စည်းနဲ့ ပိုက်ဆံတွေကိုလုယူတယ် ၊ ရွှေထည်ပစ္စည်းမျိုးစုံ ၁၉ ကျပ်သားနဲ့ ပိုက်ဆံ သိန်း ၆၅၀ (ခြောက်ရာ့ငါးဆယ်) ကျော်ပါသွားတယ် ၊ အဲ့ဒီလူတွေ ဆိုင်ထဲကနေ ပြန်အထွက်မှာ ဆိုင်ရှင်က သူခိုးဆိုပြီးအော်တယ် ၊ ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းတာကြောင့် ပတ်ဝန်းကျင်လူတွေက ဝိုင်းဖမ်းဖို့ လုပ်တဲ့အချိန် အဲ့ဒီ ဓားပြသုံးယောက်က ထွက်ပြေးတယ် ၊ အဲ့ဒါကြောင့် သူတို့စီးလာတဲ့ ဘက္ထရီဆိုင်ကယ်တစီးကျန်နေခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တာမွေမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၈ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်က ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့၊ ကြည့်မြင်တိုင်ညစျေးက ရွှေဆိုင်ပိုင်ရှင်ကို ရဲအယောင်ဆောင် လူတစုက ကားနဲ့ ဖမ်းခေါ်သွားပြီး အောက်တိုဘာ ၉ ရက်နေ့မှာတော့ အဲ့ဒီ ရွှေဆိုင်ပိုင်ရှင်ရဲ့ ရုပ်အလောင်းကို အမြန်လမ်းပေါ်မှာ အလောင်းပြန်တွေ့ ရတယ် ၊ အဲ့ဒီ ရွှေဆိုင်ကို လူသတ် ဓားပြတိုက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ရက်ပိုင်းအတွင်း ဖမ်းဆီးရမိတယ် ၊ ပြီးခဲ့တဲ့ သုံးနှစ်ကျော် ကာလမှာ နိုင်ငံအဝှမ်း ရွှေလုပ်ငန်းရှင် ၇၀ ကျော် ဓားပြတိုက်ခံရတယ် ၊ အဲ့ဒီ ဖြစ်စဥ်ထဲမှာ ဓားပြတိုက်ခံရရင် အသတ်ခံလိုက်ရတဲ့ ရွှေဆိုင်ပိုင်ရှင်တွေလည်း ရှိတယ်လို့ ပြောပါသေးတယ် ။

ပုံစာ ။ ရွှေဆိုင်တဆိုင်ရဲ့ ခင်းကျင်းပြသထားတဲ့ အနေအထား (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW