အယ်လ်ဂျီးယား၊ မေ-၁၇-၂၀၂၄
မျိုးဆက်(VOM)
အယ်လ်ဂျီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၆ နှစ်ခန့်က ပျောက်ဆုံးသွားတဲ့ အမျိုးသား တယောက်ကို အိမ်နီးချင်းတယောက်ရဲ့ မြေအောက်ခန်းထဲမှာ အသက်ရှင်လျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အိုမာဘင်အိုရန်းဆိုသူဟာ ဆယ်ကျော်သက်အရွယ် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဂျီးရီးယား ပြည်တွင်းစစ်အတွင်း အယ်လ်ဂျီးယားနိုင်ငံ ဒဂျယ်ဖာမြို့ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဘင်အိုရန်းကို သူကြီးပြင်းရာအိမ်နေရာကနေ မီတာ ၂၀၀ အကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သံသယရှိသူ ၆၁ နှစ်အရွယ် အမျိုးတယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
အိုမာဘင်အိုရန်း ဟာ အယ်လ်ဂျီးရီးယားအစိုးရနဲ့ အစ္စလာမ္မစ်အုပ်စုတွေအကြား ဆယ်စုနှစ်များစွာပဋိပက္ခတွေအတွင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ခန့်မှန်ခြေလူနှစ်သိန်းကျော် အသတ်ခံခဲ့ရ သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရပါတယ်။
သူဟာ အိမ်နီးချင်းတယောက်ရဲ့ အိမ်ရှိသိုးခြံအတွင်းရှိနေတယ်လို့ အမည်မဖော်လိုသူတယောက်ရဲ့ တိုင်ကြားချက်ကိုလက်ခံရရှိပြီးနောက် တာဝန်ရှိသူတွေကသွားရောက်စစ်ဆေးခဲ့ရာ အိမ်နီးချင်းရဲ့ မြေအောက်ခန်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မစ္စတာဘင်အိုရန်းဟာ မြေအောက်ခန်းအတွင်းကနေ သူ့မိသားစုကို တခါတရံတွေ့ခဲ့ရကြောင်း ၊ ဒါပေမယ့် အကူအညီတောင်းဖို့ အခွင့်အရေးမရခဲ့ဘူးလို့ သူက ကယ်ဆယ်ရေးသမားတွေကို ပြောဆိုပါတယ်။
Ref:BBC
Photo:Twitter
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...