ဂျိုးဘိုင်ဒင်လက်ထက် တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု အမေရိကန်ပြုလုပ်



ဝါရှင်တန်၊ မေ-၁၈-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်ဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့လက်ထက်မှာ တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နျူကလီးယားစမ်းသပ်မှုကို အနောက်နီဗားဒါးပြည်နည်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တာလို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာန အမျိုးသားနျူကလီးယား စီမံကွပ်ကဲမှုအဖွဲ့က ပြောပါတယ်။

နျူကလီးယားထိပ်ဖူးတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုကို ပံ့ပိုးပေးနိုင်ဖို့အတွက် အဆိုပါစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဲဒီအဖွဲ့ကပြောပါတယ်။ အမေရိကန်အစိုးရဟာ နျူကလီးယားပေါက်ကွဲမှုဖြစ်စေတဲ့ စမ်းသပ်မှုတွေကို ဆိုင်းငံ့ဖို့ ၁၉၉၂ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်အစိုးရအဆက်ဆက်ဟာ ပေါက်ကွဲမှုမဖြစ်စေတဲ့ နျူကလီးယားစမ်းသပ်မှုတွေကို တော့ လုပ်ဆောင်နေခဲ့ပါတယ်။ ယခင်စမ်းသပ်မှုကိုတော့ ၂၀၂၁ ခုနှစ်မှာ နောက်ဆုံးပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဟာ နျူကလီးယားစမ်းသပ်မှုတားမြစ်ရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ထိုးမထားပေမယ့် ယခင်စမ်းသပ်မှု ၃၃ ခုနဲ့ အခုနောက်ဆုံးစမ်းသပ်မှုဟာ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီဘေးကင်းခဲ့တယ်လို့ အမျိုးသားနျူကလီးယား စီမံကွပ်ကွဲမှုအဖွဲ့က ဆိုပါတယ်။

မိမိတို့အနေနဲ့ မြေအောက်နျူကလီးယား ဖောက်ခွဲစမ်းသပ်ဖို့ နည်းပညာတွေမလိုတဲ့ အခုလိုစမ်းသပ်မှုတွေကတဆင့် နျူကလီးယားလက်နက်ဆိုင်ရာ အရေးကြီးအချက်အလက်တွေကို စုဆောင်းနိုင်ဖို့အတွက် စမ်းသပ်မှုတွေကို အကြိမ်ရေတိုးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:NHK
Photo:Kyodo

Related posts

Leave a Comment

VOM News

FREE
VIEW