မေ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီးသူတွေနဲ့ ဓားပြမှုကျူးလွန်းသူတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးရခံတာ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” လူပြန်ပေးဆွဲ ဖမ်းဆီးရာမှာ အသုံးပြုတဲ့ အိမ်စီးကား (ယာဥ်လိုင်စင်မဲ့)ကား ငါးစီးနဲ့ ဆိုင်ကယ်မျိုးစုံ ဆယ်စီးကျော် အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ် ၊ ပြစ်မှုကျူးလွန်သူတွေကို ပစ်ခတ်ဖမ်းဆီးတဲ့အခါ အသေ (ရုပ်အလောင်း) ဖမ်းဆီးရမိသလို ၊ အရှင်ဖမ်းမိထားတဲ့ သူတွေလည်းရှိတယ် ၊ ဖမ်းမိသူတွေကို အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ မေ ၁၉ ရက် ၊ မနက် ၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ကမ်းနားလမ်းမှာရှိတဲ့ ရွှေမိုး ကုန်မျိုးစုံ အရောင်းဆိုင်(တိုက်အပေါ်ထပ်မှာ) ဓားပြတိုက် လုယက်ခံရတယ် ၊ ဓားပြတိုက် လုယက်မှုကျူးလွန်သူ နှစ်ယောက်က ခြံစည်းရိုး အုတ်တံတိုင်းကိုကျော်ပြီး ၊ နေအိမ်တိုက်ရဲ့ ဒုတိယအလွှာမှာရှိတဲ့ ကုန်စုံဆိုင် ပိုင်ရှင် ဦးဌေးဝင်းရဲ့ မိန်းမဖြစ်သူကို ဓားနဲ့ထောက်ပြီး ငွေကျပ် သိန်း ၃၀ ကို လုယက်ဓားပြတိုက်သွားတယ် ၊ အဲ့ဒီ ဓားပြတိုက် လုယက်မှု ကျူးလွန်းသူ စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုး အသက် (၃၂) နှစ် မုံရွာမြို့နယ် ဘော်ဂါကျေးရွာနေသူ နဲ့ မောင်မောင်ဦး ၃၇ နှစ် လယ်တီရပ်ကွက် နေထိုင်သူ နှစ်ယောက်ကို နာရီပိုင်းအတွင်း ရဲတပ်ဖွဲ့က ဖမ်းမိထားတယ် ” လို့ ပြောပါတယ် ။
စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း
” ပြီးခဲ့တဲ့ ဧပြီမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းသုံးယောက်အပါအဝင် အနည်းဆုံး လူငါးယောက်ထက်မနည်း အထိခိုက်မရှိ ကယ်ဆယ်ပေးနိုင်ခဲ့တယ် ၊ ပြန်ပေးဆွဲသမားတွေ ပစ်ခတ်ဖမ်းဆီးတဲ့အခါ အလောင်း ငါးလောင်း ၊ ကားမျိုးစုံ ငါးစီး၊ ဆိုင်ကယ်မျိုးစုံ ဆယ်စီးကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
မုံရွာမြို့ခံတယောက်က သူတို့ဒေသမှာ ဖြစ်ပျက်နေတာတွေကို ပြောပြတာက
” နစက အဖွဲ့ ပေါ်ပေါက်ပြီးနောက်ပိုင်း မုံရွာမှာ လူပြန်ပေးဆွဲနဲ့ ဓားပြတိုက် လုယက်မှုတွေ အဖြစ်များလာတယ် ၊ အရင်က အဲ့ဒီ လူပြန်ပေးဆွဲ ၊ ဓားပြတိုက် လုယက်မှုတွေ အချိန်မီ ဖော်ထုတ်ပေးနိုင်တာမရှိသလို ၊ နစ်နာသူ အသိုင်းအဝိုင်းကလည်း သက်ဆိုင်ရာကို အကြောင်းကြာတာမရှိဘူး ၊ ခုနောက်ပိုင်း မုံရွာမြို့မှာ လူပြန်ပေးဆွဲ ဖမ်းဆီးမှုတွေနဲ့ ဓားပြတိုက် လုယက်မှုတွေ ဖော်ထုတ် ဖမ်းဆီးတာများလာတယ် ” လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ ဓားပြတိုက် လုယက်မှုကျူးလွန်သူ လူ နှစ်ဆယ်ကျော် ဖမ်းဆီးခံရပြီး ၊ ဖမ်းဆီးပစ်ခတ်ရာမှာ ထိခိုက်သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ရွှေမိုးကုန်စုံဆိုင် ဓားပြတိုက်မှုက ဖမ်းဆီးထားတဲ့ လူနှစ်ယောက် ( မုံရွာမြို့နယ် ရဲတပ်ဖွဲ့)
Related posts
-
This Day in History
Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို... -
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက... -
ဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄ရတီ (VOM)ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း...