မာလာဝီဒုသမ္မတနဲ့ အခြားကိုးယောက်လိုက်ပါသွားတဲ့လေယာဉ် ပျောက်ဆုံးမှု အပူတပြင်းရှာဖွေနေ

 

လီလောင်းဂွေလ်၊ ဇွန်-၁၁-၂၀၂၄
မျိုးဆက်(VOM)

မာလာဝီဒုတိယသမ္မတ ဆော်လိုစ်ချီလီမာနဲ့ အခြားကိုးယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ ပျောက်ဆုံးနေကြောင်း မာလာဝီသမ္မတရုံးက ထုတ်ပြန်ပါတယ်။

မာလာဝီစစ်တပ်ရဲ့ အဲဒီလေယာဉ်ဟာ ဇွန် ၁၀ နံနက်ပိုင်းက မြိုတော် လီလောင်းဂွေလ်ကနေ ထွက်ခွာပျံသန်းလာပြီးနောက် လေယာဉ်ဟာ ရေဒါကနေ ပျောက်ဆုံးသွားတယ်လို တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ဟာ နိုင်ငံမြောက်ပိုင်း အမ်ဇူဇူ နိုင်ငံတကာလေဆိပ်မှာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက ဆင်းသက်ဖို စီစဉ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။

“ စစ်သားတွေ မြေပြင်မှာ ရှာဖွေမှုတွေ ဆက်လုပ်နေတုန်းပဲ။ လေယာဉ်ကို ရှာမတွေ့မချင်း စစ်ဆင်ရေးတွေကို အပူတပြင်းလုပ်ကြဖို အမိန့်ပေးထားတယ်” လို မာလာဝီသမ္မတက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် မာလာဝီသမ္မတသည် ဘဟားမားစ်သို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒုတိယသမ္မတ မစ္စတာချီလီမာဟာ ပြီးခဲ့တဲ့ သုံးရက်က ကွယ်လွန်သွားတဲ့ အစိုးရဝန်ကြီးဟောင်းတယောက်ရဲ့ ဈာပနကို အစိုးရကိုယ်စားသွားရောက်ခဲ့တာဖြစ်ပါတယ်။

အမ်ဇူဇူလေဆိပ်ဟာ ဈာပနအခမ်းအနားကို သွားရမယ့်နေရာနဲ့ အနီးဆုံးလေဆိပ်ဖြစ်တယ်လို တာဝန်ရှိသူတွေကပြောပါတယ်။ ဒုတိယသမ္မတ ချီလီမာဟာ အစိုးရစာချုပ်တွေနဲ့ ပတ်သက်ပြီး လာဘ်ယူတယ်ဆိုပြီး ၂၀၂၂ ခုနှစ်က ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပါသေးတယ်။

Ref;BBC
Photo:BBC

Related posts

Leave a Comment

VOM News

FREE
VIEW