ကိုရီးယားခေါက်ဆွဲခြောက်ထုပ် အစပ်တွေမှာ အဆိပ်ဖြစ်နိုင်ခြေမြင့်မားတယ်ဆိုပြီး ဒိန်းမတ်မှာ ပြန်သိမ်း

 

ကိုပင်ဟေဂင်၊ ဇွန်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဒိန်းမတ်အာဏာပိုင်တွေဟာ တောင်ကိုရီးယားအခြေစိုက် Samyang ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကိုရီးယားခေါက်ဆွဲအစပ်ထုပ်တွေကို ပြန်လည်သိမ်းယူနေပြီး ဒီထဲမှာပါဝင်တဲ့ အစပ်အရသာ ကက်ပ်ဆိုင်စင်ဓါတ် ပမာဏဟာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Samyang ကုမ္ပဏီကထုတ်တဲ့ ခေါက်ဆွဲအစပ်ထုပ်တွေကတော့ Buldak 3x Spicy & Hot Chicken ၊ 2x Spicy & Hot Chicken နဲ့ Hot Chicken Stew ဆိုတဲ့ သုံးမျိုးဖြစ်တယ်လို့ ဒိန်းမတ်အာဏာပိုင်တွေက ပြောပါတယ်။

ဒီခေါက်ဆွဲခြောက်ထုပ်တွေကို စွန့်ပစ်ဖို့နဲ့ စျေးကွက်ထဲကနေ ပြန်လည်သိမ်းဆည်းဖို့ကို ဇွန် ၁၁ ရက်မှာ တာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မလိုက်နာရင် ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

ဒီခေါက်ဆွဲခြောက်တထုပ်ချင်းစီမှာ ပါဝင်တဲ့ ကက်ပ်ဆိုင်စင် ပမာဏဟာ အလွန်မြင့်မားတာကြောင့် စားသုံးသူတွေအတွက် ပြင်းထန်တဲ့ အဆိပ်ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ဒိန်းမတ် အစားအသောက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က အကဲဖြတ်ထုတ်ပြန်ပါတယ်။

ကက်ပ်ဆိုင်စင်ဟာ ငရုတ်သီးမှာပါဝင်တဲ့ ဓါတုဒြပ်ပေါင်းဖြစ်ပြီး ငရုပ်သီးလို ပူစပ်တဲ့အရသာကို ပေးစွမ်းပါတယ်။ ဒီခေါက်ဆွဲခြောက်ထုပ်တွေကို တခြားနိုင်ငံတွေကလည်း သတိပေးချက်ထုတ်ပြန်ပြီး အလားတူလုပ်ဆောင်ခြင်းတော့ မရှိသေးပါဘူး။

Ref:BBC
Photo: Samyang

#voiceofmyanmar #vom #ကိုရီးယားခေါက်ဆွဲ #အစပ် #ဒိန်းမတ် #ပြန်သိမ်း

Related posts

✕
VOM News

FREE
VIEW