ဒုက္ခသည်တွေခိုလှုံနေတဲ့ စာသင်ကျောင်ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှု ၁၆ ယောက်သေဆုံး

 

ဂါဇာစီးတီး ၊ ဇူလိုင်-၇-၂၀၂၄
မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသရှိ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစာသင်ကျောင်းဟာ ဂါဇာအလယ်ပိုင်း နူဆီရက်ဒုက္ခသည်စခန်းမှ ဒုက္ခသည် ထောင်ချီပြီး ခိုလှုံနေတဲ့ နေရာဖြစ်ကြောင်း ဟာမတ်စ်ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ အစ္စရေးကတော့ အဲဒီစာသင်ကျောင်း ဧရိယာမှ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

တိုက်ခိုက်မှုဟာ လူစည်ကားတဲ့ စျေးအနီးရှိ စာသင်ကျောင်းခေါင်မိုးကို ပစ်မှတ်ထားခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒီစာသင်ကျောင်းကို ခိုလှုံရာနေရာအဖြစ် လူ ၇၀၀၀ ခိုလှုံနေတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသသူတွေထဲမှာ သတင်းထောက်ငါးယောက်ပါတယ်လို့ ဟားမတ်စ်တို့ကပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်မှာစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်း သေဆုံးသွားတဲ့ သတင်းသမား ၁၅၈ ယောက်ထိရှိလာပြီလို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောပါတယ်။

စာသင်ကျောင်းကို ထိမှန်ခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးကလည်း အတည်ပြုထားပြီး တိကျတဲ့ လေကြောင်းထောက်လှမ်းမှုနဲ့ ထပ်တိုးထောက်လှမ်းမှုအပါအဝင် အရပ်သားများအန္တရာယ်ကင်ရေးအတွက် အဆင့်များစွာ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #အစ္စရေး #ဟားမတ်စ် #ဂါဇာ #စာသင်ကျောင်းတိုက်ခိုက်မှု #၁၆ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW