ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားရဲ့တိုက်ခိုက်မှု အရှိန်မြှင့်နေ

 

ကိဗ်ယက်၊ ဇူလိုင်-၇-၂၀၂၄
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဓါတ်အားပေး စွမ်းအင်စက်ရုံတရုံကို ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီဒေသက လူတသိန်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ဆူမီဒေသရှိဓါတ်အားပေးစက်ရုံမှာ ထိခိုက်သေဆုံးမှုမရှိကြောင်းနဲ့ မြို့နဲ့ ဝန်းကျင်ဒေသတွေ ဓါတ်အား ပြန်လည်ရရှိဖို့ အရေးပေါ် ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ မကြာသေးမီကာလတွေအတွင်း ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုအရှိန်မြှင်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုတွေကို အချိန်မီကာကွယ်ဖို့အတွက် ပိုမိုခေတ်မီတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ပေးအပ်ဖို့ ယူကရိန်းသမ္မတဇီလန်စကီးက အနောက်အုပ်စုမဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်း အပူစွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးခဲ့တာကြောင့် လျှပ်စစ်ထုတ်လုပ်မှု ပမာဏ ကိုးဂ္ဂါဝပ်ထိ ကျဆင်းခဲ့တယ်လို့ ယူကရိန်းအမျိုးသားစွမ်းအင် ကုမ္ပဏီက ပြောပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆုံးရှုံးတာတွေကို ကာမိစေဖို့အတွက် ပိုလန်ဟာ ပိုလျှံလျှပ်စစ်ဓါတ်အားတွေကို ယူကရိန်းအတွက် ပေးပို့နေပေမယ့် ပြည်တွင်းထုတ်လုပ်မှုနဲ့ တင်မှုမှုလိုငွေကြောင့် နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှုတွေလုပ်ဖို့ စီစဉ်ထားပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ယူကရိန်း #ရုရှား #စွမ်းအင်စက်ရုံ #တိုက်ခိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW