လားရှိုး တက္ကသိုလ်က ကျောင်းသားတွေ တောင်ကြီး တက္ကသိုလ်မှာ ကျောင်းကိစ္စ ဆောင်ရွက်နိုင်

 

ဩဂုတ် ၁၈၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား တွေအနေနဲ့ တက္ကသိုလ် ကျောင်းကိစ္စ နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး တက္ကသိုလ်မှာ ဆောင်ရွက်နိုင်ကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူတွေနဲ့ လားရှိုး တက္ကသိုလ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“လားရှိုးက ပညာရေး ပိုင်းတွေက တောင်ကြီးဘက် အကုန် လုပ်ပေးနေပြီ။ စာသင်ကျောင်းတွေရော၊ တက္ကသိုလ်တွေရော ပေါ့။” လို့ ဌာနဆိုင်ရာ နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။

စစ်ရှောင် ပြည်သူတယောက်ကလည်း ပညာရေးနဲ့ ပတ်သက်ပြီး စစ်ရှောင် ကလေးတွေအတွက် လွယ်လွယ် ကူကူ လုပ်လို့ ရတယ်လို့ ပြောပြပါတယ်။

လားရှိုးတက္ကသိုလ်မှာ တက္ကသိုလ် တက်ရောက်ခွင့်၊ ဝင်ခွင့် လျှောက်ရမယ့်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လက်ရှိ တောင်ကြီးတက္ကသိုလ်ရှိ လားရှိုးတက္ကသိုလ် ကျောင်းသားရေးရာဌာနမှာ ကျောင်းပြောင်းလက်မှတ် ထောက်ခံစာ၊ ကျောင်းဝင်ခွင့်ထောက်ခံစာတွေ လျှောက်ထား နိုင်တယ်လို့ လားရှိုး တက္ကသိုလ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“Day တက်တဲ့ သူတွေရော အဝေးသင် တက်တဲ့သူတွေ အတွက်ရော အကုန် ဆောင်ရွက်လို့ ရတယ်။ လားရှိုးမှာ ကျောင်းအပ်ထားပြီးသား ဆိုရင်လည်း တောင်ကြီးမှာ ကျောင်းပြောင်းလုပ်ပြီး တက်ရုံပဲ လို့သိရတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ တောင်ကြီးတက္ကသိုလ်မှာ DAY နဲ့ အဝေးသင် တက္ကသိုလ် တက်ရောက်လိုသူ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီလို့ ပြောတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို၊ မြန်မာနိုင်ငံ ဆရာဝန်များ အသင်းရုံးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လဝက ရုံးတွေကို တနေရာထဲမှာ ပူးတွဲ ဖွင့်လှစ်ထားပြီး လားရှိုးမှာ လျှောက်ယူရမယ့် UID (စမတ်ကတ်) ကို ဆောင်ရွက်နေတယ်။ ဒါပေမယ့် လောလောဆယ် မှတ်ပုံတင် လုပ်တာတွေ၊ အိမ်ထောင်စု လုပ်တာတွေတော့ မရသေးဘူး လို့ သိရပါတယ်။

လားရှိူး ရုံးခွဲမှာ နိုင်ငံကူးလက်မှတ် လျှောက်ဖို့ ရက်ချိန်း ရယူထားသူတွေ အနေနဲ့တော့ တောင်ကီ့း နဲ့ ရန်ကုန်ရုံးတွေမှာ လျှောက်ယူနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက အသိပေး ကြေညာစာ ထုတ်ထားပါတယ်။

လားရှိုး စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့ယာဉ် နယ်ဝင်ခွင့်ကိုလည်း တောင်ကြီး၊ အောင်ပန်း၊ မန္တလေး တွေမှာ ဆောက်ရွက် နိုင်ပြီး ယာဉ်မောင်း လိုင်စင်နဲ့ ယာဉ် လိုင်စင် သက်တမ်း တိုးတာတွေကိုတော့ လောလောဆယ် မရသေးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်တွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုးမြို့မှာ တိုက်ပွဲ ပြင်းထန်လာခဲ့တာကြောင့် ဌာနဆိုင်ရာ ရုံးတွေကို တောင်ကြီးမြို့မှာ ပြောင်းရွှေ့ထားတာ ဖြစ်ကြောင်း ဌာနဆိုင်ရာနဲ့ နီးစ်သူတွေဆီက သိရပါတယ်။

Photo Crd# Wikipedia

#voiceofmyanmar #VOM #လားရှိုးတက္ကသိုလ် #တောင်ကြီးတက္ကသိုလ် #ကျောင်းကိစ္စ #ဆောင်ရွက်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW