ဩဂုတ် ၂၃ – ၂၀၂၄
GG (VOM)
ရန်ကုန်မှာ စားသုံးဆီကို ခွဲတမ်းနဲ့အိမ်ထောင်စု အလိုက်ရောင်းချပေးမယ်ဆိုပြီး ဆီစာအုပ်လုပ်ဖို့ အိမ်ထောင်စုစာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကိုလိုက်လံအသိပေးပြီး အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူနေသလို ရပ်ကွက်ရုံးမှာလာရောက်လုပ်ဆောင်ဖို့လည်း လိုက်လံအသိပေးမှုတွေရှိနေတာဖြစ်တယ်လို့သိရပါတယ်။
” လမ်းထဲက ဆယ်အိမ်မှုးက ဆီစာအုပ်လုပ်ဖို့ဆိုပြီး တအိမ်ဝင်တအိမ်ထွက် စာရင်းလိုက်ကောက်နေတာ။အိမ်ထောင်ဦးစီးနာမည် နဲ့
မှတ်ပုံတင်နံပါတ် ၊ အိမ်ရှိလူဦးရေ လာကောက်သွားတာ။စားသုံးဆီအတွက်ဆေးမြီးတိုလုပ်တာပဲထင်တယ်။ကျန်တာမပြောဘူး ဆီစာအုပ်ဖို့ဆိုပြီးပဲပြောကောက်သွားတာ။” လို့ ရန်ကုန် နေထိုင်သူတယောက်ကပြောပါတယ်။
လက်ရှိမှာ ဆီစာအုပ်ပြု လုပ်ဖို့ အိမ်ထောင်စုစာရင်းသာ ကောက်ယူနေပြီး ရောင်းချပေးမယ့် ဆီပမာဏကိုတော့ အသိပေးပြောတာမရှိကြောင်း ၊ ဘယ်လိုပုံစံရောင်းချပေးမယ်ဆိုတာကိုလည်း မသိရှိရသေးဘူးလို့သိရပါတယ်။
” ဆီစာအုပ်လာလုပ်ကြဖို့ လိုက်အော်နေတယ်။ဆီစာအုပ်လုပ်ဖို့အတွက် ဧည့်စာရင်းမိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူပြရမယ်။ ဆီဘယ်လောက်ပေးမှာလဲဘာညာမသိဘူး။သူတို့ကလည်းမပြောဘူး။ ” လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။
စားအုန်းဆီကို ပြည်ပကနေတင်သွင်းမှုလျှော့ချပြီးနောက် စားဆီလိုအပ်ချက်က အရင်ထက်ပိုမြင့်တက်လာပြီး စျေးနူန်းကလည်း နေရာဒေသလိုက်ပြီးတပိဿာကို ၂၀၀၀၀ ကျပ်အထိရှိလာတဲ့အပြင် ဆီဝယ်ယူရခက်တာ၊ဆီပြတ်လပ်ခြင်းတွေရှိလာတာကို ဖြေရှင်းဖို့ ခုလိုလုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။
အခု စီစဥ်နေတဲ့ ဆီစာအုပ်လုပ်ပြီးဆီရောင်းချပေးမယ့်စနစ်ဟာအရင်အစိုးရအဆက်ဆက်လက်ထက် ကကျင်သုံးခဲ့တဲ့ သမဝါယမစနစ်ပုံစံဖြစ်နေတာကြောင့် ကောင်းမွန်တဲ့ စနစ်မဟုတ်ဘူးလို့ သမဝါယမစနစ်ကို မှီခဲ့သူတွေကဆို ပါတယ်။
လက်ရှိမှာတော့စားအုန်းဆီကို ရန်ကုန်တိုင်းအတွင်း အိမ်တိုင်ရာရောက်ရောင်းချပေးတဲ့စနစ်ကိုကျင့်သုံးနေပြီး တအိမ်ထောင်ကို တလအတွက် နှစ်ပိဿာနူန်းရောင်းချပေးနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် လူတိုင်းဝယ်ယူလို့မရတဲ့ပြဿနာဖြစ်ပွားမှုရှိနေပါတယ်။
Photo: MEODA
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...