စေတုတ္တရာက ရပ်ကျေးအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး သမီးနှစ်ယောက် ဖမ်းဆီးခံရ



ဩဂုတ် ၂၆ – ၂၀၂၄
GG (VOM)

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲက သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး သူရဲ့နေအိမ်မှာ အသတ်ခံခဲ့ရတဲ့အပြင် သမီးဖြစ်သူနှစ်ယောက်ကိုပါ လက်နက်ကိုင်တွေကဖမ်းဆီးသွားတယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဩဂုတ်လ ၂၅ ရက်နေ့ ၊ ညပိုင်း ၈ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းရွှေကို သူရဲ့ နေအိမ်မှာပဲ လာရောက်ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့သိရပါတယ်။

” သက်လယ်ရွာဆိုတာက စေတုတ္တရာနဲ့ ပဒါန်းလမ်းပေါ်မှာရှိတာ။အုပ်ကြီးသတ်ပြီး သမီးတွေဖမ်းသွားတယ်ဆိုတာ ခုမနက်မှသိရတာ။စစ်ဆေးတာတွေတော့ရှိနေတယ်။အုပ်ကြီးမှာတော့ကျည် ငါးချက်ထိတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ကိုတော့ စေတုတ္တရာ အစိုးရဆေးရုံကိုပို့ဆောင်ထားပြီး ဖမ်းခံလိုက်ရတဲ့ သမီးနှစ်ယောက် သတင်းအချက်အလက်လည်း မရသေးဘူးလိူ့သိရပါတယ်။

စေတုတ္တရာမြို့နယ်ထဲကကျေးရွာတွေမှာ ပစ်ခတ်မှုတွေရှိနေပြီး စစ်ရှောင်နေရသူတွေလည်းရှိနေပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့ကလည်း မကွေးတိုင်း ချောက်မြို့နယ် ၊လေးပင်ကုန်းရွာ အုပ်ချုပ်ရေးမှူးရဲ့ အဖေဖြစ်သူ ဦးသန့်ရှင်းလည်း အသတ်ခံခဲ့ရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း မကွေးတိုင်း ၊အောင်လံမြို့နယ်က အင်တောသာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်လှကြည်ဆိုသူသေနတ်နဲ့ပစ်သတ်ခံခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW