ကိဗ်ယက်၊ ဩဂုတ်-၃၀-၂၀၂၄
မျိုးဆက်(VOM)
နေတိုးမဟာမိတ်တွေက ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ အမေရိကန်ရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တစင်း ပျက်ကျသွားခဲ့တယ်လို့ ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူး အိုလက်ဆီမီစ်သေဆုံးသွားကြောင်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။ လေယာဉ်ဟာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြားမှာ ပျက်ကျသွားတာဖြစ်ပြီး ဒါဟာ ယခုလအစောပိုင်းမှာ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ယူကရိန်းကိုရောက်ရှိပြီးနောက် ပထမဆုံး ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။
ပျက်ကျရတဲ့ အကြောင်းရင်းကတော့ ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် မဟုတ်ဘူးလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ လေယာဉ်မှူးဟာ ရုရှားရဲ့ အကြီးအကျယ်လေကြောင်းတိုက်ခို်ကမှုအတွင်း ခရုဇ်ဒုံးကျည် သုံးစင်းနဲ့ ဒရုန်းတစင်းတို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ လေယာဉ်အမျိုးအစားနဲ့ပတ်သက်ပြီး ဖော်ပြမထားပေမယ့် လေယာဉ်မှူးဟာ အက်ဖ်-၁၆ တိုက်လေယာဉ်နဲ့ ပျံသန်းနေတာလို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုသလို ရုရှား ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဖျက်ဆီးဖို့ အက်ဖ်-၁၆ တိုက်လေယာဉ်တွေ ဖြန့်ကြက်ထားတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။
ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်နို်ငဖို့အတွက် ယူကရိန်းစစ်တပ်ကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးဖို့ ယူကရိန်သမ္မတ ဇီလန်စကီးက မဟာမိတ်နိုင်ငံတွေကို ယခုသီတင်းပတ်အတွင်းက ထပ်မံတောင်းဆိုထားပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...