စမတ်စကတ်၊ စက်တင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
ဆီးရီးယားအလယ်ပိုင်းရှိ စစ်သွေးကြွတွေရဲ့ စစ်ဘက်ဆိုင်ရာ နေရာအများအပြားကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူ ၁၄ ယောက်သေဆုံးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။
ဟာမာပြည်နယ် မက်စ်ယက်ဖ်ဒေသမှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဒီတို်ကခိုက်မှုအတွင်း လူ ၄၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ အစ္စရေးဒုံးကျည်အချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား စစ်တပ်က ဆိုပါတယ်။
အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေရှိနေတဲ့ သိပ္ပံဆိုင်ရာ အဆောက်အအုံအပါအဝင် စစ်ရေးပစ်မှတ်တွေကို တိုက်ခို်ကခဲ့တဲ့ စစ်ဆင်ရေးအတွက် ဆီးရီးယားတပ်ဖွဲ့ဝင် လေးယောက်နဲ့ အရပ်သားသုံးယောက်လည်း သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း မကြာသေးမီနှစ်တွေကစလို့ ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေကို ရာနဲ့ချီတဲ့တိုက်ခို်ကမှုတွေ ပြုလုပ်ခဲ့တယ်လို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။
ဂါဇာစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတောင်ပိုင်းကို ဟဇ်ဘိုလာအဖွဲ့၊ လက်ဘနွန်နဲ့ဆီးရီးယားရှိ စစ်သွေးကြွတွေက တိုက်ခို်ကမှုအရှိန်မြှင့်ခဲ့တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက အစ္စရေးဟာ စစ်သွေးကြွပစ်မှတ်တွေကို အရှိန်မြှင့် တိုက်ခိုက်နေခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...