ပေကျင်း ၊ စက်တင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီပေးနေတယ်လို့ နေတိုးမဟာမိတ်တွေက ရှုမြင်နေကြချိန်မှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ပြုလုပ်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
North-Joint 2024 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ လေတပ်နဲ့ ရေတပ်တို့ဟာ ရုရှားကမ်းရိုးတန်း၊ အော့ဟိုတက်စ်ပင်လယ်နဲ့ ဂျပန်ပင်လယ်ဝန်းကျင် ရေပြင် ဝေဟင်မှာ ပြုလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကဆိုပါတယ်။
“ ဒီလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ် ”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
နှစ်နိုင်ငံ ပူးတွဲရေကြောင်းကင်းလှည့်ဖိုပ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သက်ဆိုင်ရာပင်လယ်ဒေသတွေကို ရေတပ်သင်္ဘောတွေ စေလွှတ်မှာဖြစ်ပြီး ရုရှားရဲ့ Ocean-2024 မဟာဗျူဟာလေ့ကျင့်ခန်းမှာ ပါဝင်ဦးမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့်လည်း စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အချိန်ကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ နှစ်နိုင်ငံအကြား ဝေဟင် ရေပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်တို့အကြား မကြာသေးမီနှစ်တွေအတွင်း စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး အနောက်အုပ်စုဆန့်ကျင့်တဲ့ ပြောဆိုသတိပေးမှုတွေလည်း မကြာခဏဆိုသလို ထွက်ပေါ်လာပါတယ်။
Ref:CNA
Photo:AP
Related posts
-
ကျောက်တော်နဲ့ မြောက်ဦးမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ခုနှစ်ယောက်သေဆုံး ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နဲ့... -
စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုးနဲ့ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့်တို့ ခေါ်ယူစစ်ဆေးခံနေရ
ဖေဖော်ဝါရီ ၁၃ – ၂၀၂၆ SS (VOM) မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း... -
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ အလင်းဝင်တယ်ဆိုတဲ့ PDFs နဲ့ လက်နက် ကိုင် ၁၅၀ ဦးကို အခမ်းအနားနဲ့ ကြိုဆို
မန္တလေး၊ ဖေဖော်ဝါရီ – ၁၃- ၂၀၂၆ Voice Of Myanmar PDF...
