မော်စကို ၊ စက်တင်ဘာ-၁၀-၂၀၂၄
မျိုးဆက် (VOM)
ရုရှားနိုင်ငံတဝန်းကို ယူကရိန်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒီထဲက ၁၄၄ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက်သေဆုံးကာ မော်စကိုမှာရှိတဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ မော်စကိုရှိ လေဆိပ်လေးခုကို ပိတ်ခဲ့ရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ၃၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တဲ့ ယူကရိန်းဒရုန်း ၁၄၄ စင်းအနက် ထက်ဝင်လောက်က အနောက်ဘက်နယ်စပ်ဒေသ ဘရိုင်ယန်စကီ၊ အစင်း ၂၀ က မော်စကိုနဲ့ ၁၄ စင်းကတော့ ကာ့စ်ဒေသတို့မှာဖြစ်တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။
မော်စကိုရှိ Ramenskoye ဒေသမှာ လူသုံးယောက်ဒဏ်ရာရခဲ့ပြီး ၄၃ ယောက်ကို ယာယီခိုလှုံရာကို ရွှေ့ပြောင်းပေထားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။
ဒီအတောအတွင်း ယူကရိန်းဘက်ကို ရုရှားကပစ်ခတ်လိုက်တဲ့ Shahed အမျိုးအစား တိုက်ခိုက်ရေး ဒရုန်း ၄၆ စင်းအနက် ၃၈ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ထားပြီး အပြန်အလှန်တိုက်ခို်ကမှုတွေ မြင့်တက်နေပါတယ်။
ရုရှားဟာ ယူကရိန်း လာဗစ်၊ ပိုတာဗာနဲ့ ခါကိဗ်တို့မှာ ပြင်းထန်တဲ့ တို်ကခို်ကမှုတွေပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံ ကာ့စ်ဒေသကို ယူကရိ်နးတပ်တွေ ပြီးခဲ့တဲ့လကထိုးစစ်ဆင်ပြီးနောက်ပိုင်း ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...