မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေ လာမယ့်လအတွင်း ပြင်ဆင်တော့မယ်



ဝါရှင်တန်၊ စက်တင်ဘာ-၁၆-၂၀၂၄
ရတီ (VOM)

မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ့် ပါလီမန်အစည်းအဝေးကို လာမယ့် အောက်တိုဘာ ၇ ရက်မှာ ကျင်းပမယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

အစည်းအဝေးကို အောက်တိုဘာ ၇ ရက်မှာ ကျင်းပသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေတက်ရောက်ကြမှာဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး ကိစ္စတွေပါ ဆွေးနွေးသွားဖို့ရှိနေပါတယ်။

တောင်ကိုရီးယားကို နံပါတ် ၁ ရန်သူတော်အဖြစ် သတ်မှတ်ဖို့နဲ့ စစ်ပွဲဖြစ်ပွားချိန်မှာ တောင်ကိုရီးယားကို လုံးလုံးလျားလျား သိမ်ယူနိုင်တဲ့အချက်တွေကို ထည့်သွင်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးမှာ ကင်ဂျုံအန်က ပြောဆိုခဲ့ပါတယ်။

ကင်ဂျုံအန်ဟာ နှစ်နိုင်ငံငြိမ်းချမ်းစွာပေါင်းစည်းရေးဆိုတဲ့ အယူအဆနဲ့စာပိုဒ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲကနေ ဖယ်ရှားပြီး ရေကြောင်းအပါအဝင် နိုင်ငံနယ်နိမိတ်တွေကို အသစ်ပြန်လည်သတ်မှတ်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို နိုင်ငံချင်းဆက်ဆံမှုမျိုးထက် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ် အစမ်းသဘောနဲ့ အထူးဆက်ဆံရေးသတ်မှတ်ခဲ့သော ၁၉၉၁ ခုနှစ် သဘောတူညီချက်ကို လာမယ့်ပါလီမန်အစည်းအဝေးမှာ ဖျက်သိမ်းနိုင်ကြောင်း တောင်ကိုရီးယားက အစောပိုင်းတွင် ပြောဆိုထားပါတယ်။

Ref:Yonhap
Photo:Yonhap

Related posts

VOM News

FREE
VIEW