ဝါရှင်တန်၊ စက်တင်ဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံရဲ့ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ ယခုနှစ်အစောပိုင်းက နစ်မြုပ် ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်စစ်တပ်ဟာ ရေတပ်သင်္ဘော အစင်းရေ ၃၇၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရေတပ်တခုဖြစ်ကာ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို စတင်ထုတ်လုပ်နေပါတယ်။
တရုတ်ရဲ့ ပထမတန်းစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ ဟူဘေးပြည်နယ် ယန်ဇီမြစ်ပေါ်ရှိ သင်္ဘောကျင်းတခုမှာ မေလကနေ ဇွန်လအတွင်း နစ်မြုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူကပြောပါတယ်။
သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်း သို့မဟုတ် နစ်မြုပ်ချိန်မှာ နျူကလီးယားလောင်စာတွေ ပါရှိခြင်းရှိမရှိ ရှင်းလင်းစွာမသိရဘူးလို့ သူကဆိုပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေမသိရသလို ပေးစရာအချက်အလက်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ဒီနစ်မြုပ်မှုကို တရုတ်က ဖုံးကွယ်ထားတာ အံ့ဩစရာမဟုတ်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ရေတပ်အင်အားကို အလျင်အမြန်တိုးချဲ့ဖို့ လုပ်ဆောင်နေပြီး သင်္ဘောနစ်မြုပ်မှုက နိုင်ငံရဲ့ ဦးစားပေး လက်နက်အစီအစဉ်တွေထဲက ကြီးမားတဲ့ ဆုတ်ယုတ်မှုတခုလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ထိ တရုတ်ရေတပ်မှာ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်ရေငုပ်သင်္ဘော ခြောက်စင်း၊ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောခြောက်စင်း၊ ဒီဇယ်စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၄၈ စင်းရှိတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...