စက်တင်ဘာ ၃၀ – ၂၀၂၄
SS (VOM)
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ယောက်ကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးမှာ Smart Card ပြုလုပ်နေချိန် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ပေါက်ကွဲမှုက နေ့လယ် ၁၂ နာရီခွဲလောက်မှာ တပြိုင်နက်တည်းဆိုသလို ဖြစ်သွားတာပါ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ ဆန်အိတ်တွေထဲကနေ ထပေါက်တာလို့တော့ ကနဦးသိရတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အခုတော့ အဲဒီနေရာတွေ အနီးတဝိုက်ကို နစက လုံခြုံရေးတပ်ဖွဲ့တွေက အသွားအလာတွေ ကန့်သတ်ထားပြီး စစ်ဆေးရေးတွေ လုပ်နေတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေတဲ့ အမျိုးသား လေးယောက်၊ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း ခုနစ်ယောက် ဒဏ်ရာရရှိခဲ့ကြပြီး အဲဒီထဲက အမျိုးသား တယောက်ကတော့ ဒဏ်ရာပြင်းထန်ကာ ကျန်တဲ့ ခြောက်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုမှာလည်း အမျိုးသား သုံးယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ကြည့်မြင်တိုင်မြို့နယ်မှ ရောင်စဉ်မဲ့ လူမှုကူညီရေးယာဉ်နဲ့ အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင် – ၅၀၀) ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးငယ်တယောက်ကို ရည်းစားက သတ်ပြီး အလောင်းဖျောက်မှု ပေါင်မြို့နယ်မှာ ဖြစ်ပွား
အောက်တိုဘာ ၁၁ – ၂၀၂၄SS (VOM)မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ အသက် ၁၄ နှစ်အရွယ်... -
အဏုမြူဗုံးသင့်သူတွေ တည်ထောင်ထားတဲ့ ဂျပန်အခြေစိုက်အဖွဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိ
အော်စလို၊ အောက်တိုဘာ-၁၁-၂၀၂၄ ရတီ(VOM) ဂျပန်နိုင်ငံကို အမေရိကန်ကြဲချခဲ့တဲ့ အဏုမြူဗုံးဒဏ်ကနေ အသက်ရှင်ကျန်ရစ်သူတွေ ဖွဲ့စည်းထားတဲ့ နီဟွန်ဟီဒန်ကျိုအဖွဲ့ဟာ... -
ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀ ကျော်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
အောက်တိုဘာ ၁၁ – ၂၀၂၄SN (VOM)ဂျမ်ဘိုခြင်ဆေးခွေ အပါအဝင် ပိုးသတ်ဆေး အမျိုးအစားပေါင်း ၂၀...