အောက်တိုဘာ ၈ – ၂၀၂၄
KKO(VOM)
ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ တရက်ကို ကင်ဆာလူနာ ၂ဝဝ အထိ ကုသပေးနိုင်တဲ့ ဆေးရုံသစ်ကြီးကို မကြာမီကာလအတွင်း ဖွင့်လှစ်ပေးသွားပြီး ကုသမှုတွေကို စတင်လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ကနဦးအနေနဲ့ အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ တရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိပြီး လာမယ့် ဒီဇင်ဘာလမှစတင်လို့ တရက်ကို လူနာ အရေအတွက် ၂၀၀ အထိကို ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“လူနာသစ်တွေကို ကုသမှုပေးနိုင်ဖို့စီစဉ် နေပါတယ်။အခုအောက်တိုဘာလကစလို့ လူနာတွေကိုဘေးကင်းလုံခြုံစိတ်ချစွာနဲ့ စိတ်အေးချမ်းသာစွာ ကုသနိုင်ဖို့လုပ်ဆောင်နေပါတယ်။လိုအပ်တဲ့ လူ့စွမ်းအားအရင်း အမြစ်တွေပြည့်ဝစွာထားရှိနိုင်ရေးကိုလည်းစီစဉ်ထားပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိတွင် အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း)မှာ ဓာတ်ရောင်ခြည်ကုသစက်တွေနဲ့အတူ တွဲဖက်အသုံးပြုရမယ့် ဓာတ်ရောင်ခြည်ကုသမှုအထောက်အကူပြုစက်(CT Simulator)တပ်ဆင်ခြင်းလုပ်ငန်း တွေကိုဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
စက်တပ်ခြင်းတွေဟာ မကြာမီပြီးစီး တော့မှာဖြစ်တဲ့အတွက် အခုအောက်တို ဘာလ တတိယပတ်မှစလို့ ကနဦးလက်တွေ့သင်ကြားကုသမှုတွေကိုစတင်နိုင်တော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အဲဒီဆေးရုံသစ်ကြီးမှာ ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသစက်သစ် ကြီးတလုံးကို တပ်ဆင်ပြီးစီးခဲ့ပြီဖြစ်သလို အခုလာမယ့်ဒီဇင်ဘာလအတွင်း နောက်ထပ် ဓာတ်ရောင်ခြည်ကုသစက်ကြီးနှစ်လုံးကို ထပ်မံတပ်ဆင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာန (ဒဂုံဆိပ်ကမ်း)ဟာ ရန်ကုန်တိုင်းအတွင်းမှာတည်ရှိပြီး ဆေးရုံဟာ ကင်ဆာရောဂါဝေဒနာရှင်လူနာများအတွက် ဆေးကုသရာ L Shape ရှစ်ထပ် အဆောက်အအုံဖြစ်ပါတယ်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို၂၀၁၉ – ၂ဝ၂၀ ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံရန်ပုံငွေ(၉,၂၀၈)သန်း အသုံးပြုပြီး ကင်ဆာဓါတ်ရောင်ခြည်ကုသစက် လေးလုံးတပ်ဆင်ကာ ကုသမှုပေးနိုင်ဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
Photo -CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...