ဝါရှင်တန်၊ အောက်တိုဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း မီလ်တန်ချဉ်းကပ်လာချိန်မှာ လူ တသန်းကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်တာကြောင့် ပြည်နယ်တွင်း အချို့ဒေသတွေမှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လူနေထူထပ်တဲ့ တမ်ပါပင်လယ်အော်ကိုဖြတ်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ့် အဆင့် ၅ ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ပြည်နယ်ဒေသခံတွေဟာ အရေးပေါ်ပြင်ဆင်မှုတွေကို အလျင်စလို လုပ်ဆောင်နေကြပါတယ်။
မီလ်တန်ဟာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ ဖလော်ရီဒါပြည်နယ်ကို တိုက်ခတ်နေပြီး လူရာကျော်သေဆုံးပြီး ပျက်စီးဆှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့တဲ့ ဟာရီကိန်း ဟယ်လင်တိုက်ခတ်ပြီး နှစ်ပတ်မပြည်မီ ဒုတိယမြောက် အင်အားပြင်းမုန်တိုင်းလည်းဖြစ်ပါတယ်။
မုန်တိုင်းကြောင့် သောင်တင်နေတဲ့ ဒေသခံတွေကို ကူညီဖိုပ ကယ်ဆယ်ရေးသတ်မှတ်ဇုန်တွေရဲ့ ပြင်ပမှာ ယာယီအမိုးအကာ ဒါဇင်ပေါင်းများစွာ စီစဉ်ထားတယ်လို့ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က ပြောပါတယ်။
မုန်တိုင်းဟာ ဖလော်ရီဒါပြည်နယ်မှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်းလို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ မီလ်တန်မုန်တိုင်း ကြိုတင်ပြင်ဆင်ရေးနဲ့ ဟယ်လင်မုန်တိုင်းဒဏ်ပြန်လည်ထူထောင်ရေးတို့ကြောင့် သမ္မတဘိုင်ဒင်ရဲ့ ဂျာမနီနဲ့ အင်ဂိုလာခရီးစဉ်တို့ကို အိမ်ဖြူတော်က ဖျက်သိမ်းထားပါတယ်။
Ref:BBC
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...