ဒေလီ၊ အောက်တိုဘာ-၁၀-၂၀၂၄
ရတီ (VOM)
အိန္ဒိယနိုင်ငံ တာတာစီးပွားရေးလုပ်ငန်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ သန်းကြွယ်သူဌေး ရာတန်တာတာဟာ အသက် ၈၆ နှစ်အရွယ် အောက်တိုဘာ ၉ ရက်မှာကွယ်လွန်သွားကြောင်း တာတာကုမ္ပဏီက အတည်ပြုထုတ်ပြန်ပါတယ်။
သူဟာ ၁၉၉၁ ခုနှစ်မှာ တာတာကုမ္ပဏီဥက္ကဋ္ဌ ဖြစ်လာပြီး ကုမ္ပဏီကို နိုင်ငံတကာလုပ်ငန်းစုကြီးဖြစ်လာအောင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့ပြီး နှစ် ၂၀ ကြာဦးဆောင်ခဲ့ကာ တာတာကုမ္ပဏီကို ကမ္ဘာ့ထိပ်တန်းဖြစ်စေခဲ့ပါတယ်။
တာတာကုမ္ပဏီဟာ လက်ရှိမှာတော့ စတီးလ်နဲ့ မော်တော်ကားထုတ်လုပ်ရေးအပါအဝင် လုပ်ငန်းများစွာကို လည်ပတ်လုပ်ကိုင်နေပြီး ကုမ္ပဏီရဲ့ တနှစ်တာဝင်ငွေဟာ ဒေါ်လာ ၁၀၀ ဘီလီယံထိ ရှိနေပါတယ်။
ရာတန်တာတာလက်ထက်မှာ ကုမ္ပဏီဟာ ဥရောပ စတီးလ်ကုမ္ပဏီနဲ့ ဗြိတိန်အခြေစိုက် မော်တော်ကားကုမ္ပဏီတွေ၊ ကမ္ဘာ့ဒုတိယအကြီးဆုံး လက်ဖက်ခြောက်လုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းများစွာကို ဝယ်ယူမှုပြုလုပ်ခဲ့ပါတယ်။
တာတာဟာ ဗြိတိန်စက်မှုလုပ်ငန်းကို ပုံဖော်ရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဗြိတိန် စီးပွားရေးဝန်ကြီး ဂျိုနသန်ရေးနိုးက ပြောပါတယ်။ သူဟာ အိန္ဒိယနဲ့ နိုင်ငံတကာမှာ ဩဇာရှိတဲ့ စီးပွားရေးသမားတယောက်ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာတော့ တာတာလုပ်ငန်းစုဥက္ကဋ္ဌ ရာထူးကနေ အနားယူခဲ့ပြီး လုပ်ငန်းခွဲတခုဖြစ်တဲ့ တာတာဆန်းမှာ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အမြော်အမြင်ရှိတဲ့ စီးပွားရေးခေါင်းဆောင်နဲ့ သနားကြင်နာတတ်ကာ ထူးခြားသူတယောက်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ထုတ်ဖော်ပြောဆိုပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ
ဝါရှင်တန်၊ နိုဝင်ဘာ-၁၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေး ကိစ္စတွေကို... -
ရွာငံမှာ ပစ်ခတ်မှုတွေဖြစ်လို့ တန်ဆောင်တိုင်လာတဲ့ကားတွေ ရာနဲ့ချီ ပိတ်မိနေ
နိုဝင်ဘာ ၁၄-၂၀၂၄ZY(VOM)ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ မွန်းလွဲပိုင်းအချိန်က... -
စစ်မှုထမ်းရမယ့် ပြည်ပရောက် လုပ်သားတွေကို ပြန်ခေါ်ပေးရေး ခက်ခဲပြီး အဆင်မပြေနိုင်ကြောင်း အေဂျင်စီတွေပြော
နိုဝင်ဘာ ၁၄ – ၂၀၂၄SS (VOM)စစ်မှုထမ်းဖို့အတွက် ပြည်ပရောက် အလုပ်သမားတွေကို ပြန်ခေါ်မပေးနိုင်တဲ့ အေဂျင်စီတွေကို...